❌ Mobile Wallet ဒါမှမဟုတ် Internet Banking အသုံးပြုသူတွေ အနေနဲ့ ကိုယ်ရေးအချက်အလက်တွေ၊ OTP ကုတ်တွေကို ဘယ်သူနဲ့မှ မမျှဝေရဘူးနော်။ ❌
ကိုယ်ပိုင်ဘဏ်စာရင်းများနဲ့ Mobile Wallet များ လုံခြုံစေဖို့ OTP လို့ခေါ်တဲ့ တစ်ခါသုံးကုတ်နံပါတ်တွေနဲ့ ကိုယ်တိုင် သတ်မှတ်ထားတဲ့ လျှို့ဝှက်ကုတ်တွေကို ဘယ်သူနဲ့မှ မမျှဝေမိဖို့ အရေးကြီးပါတယ်။ MAB ဝန်ထမ်းတွေက အသုံးပြုသူတွေရဲ့ ကိုယ်ပိုင်လျှို့ဝှက်ကုတ်၊ OTP ကုတ် စတာတွေကို ဖုန်း ဒါမှမဟုတ် အွန်လိုင်းကနေတစ်ဆင့် မေးမြန်းတောင်းခံတာမျိုး လုံးဝ (လုံးဝ) ပြုလုပ်မှာ မဟုတ်ပါဘူးနော်။
ဒါကြောင့် ဝန်ထမ်းအယောင်ဆောင်ပြီး လိမ်လည်မှုတွေကို ရှောင်ရှားနိုင်ဖို့ ကိုယ်ရေးအချက်အလက်တွေနဲ့ ကုတ်နံပါတ်တွေကို ဘယ်သူနဲ့မှ မမျှဝေဖို့ သတိပြုရပါမယ်။
ဒါ့အပြင် ကိုယ်ရေးအချက်အလက်တွေကို လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြခြင်း မပြုလုပ်မိဖို့၊ အယောင်ဆောင် မက်ဆေ့ချ်တွေကနေတစ်ဆင့် ပေးပို့လာတဲ့ လင့်ခ်တွေကို ဝင်ရောက်ကြည့်ရှုတာ၊ ဒေါင်းလုတ်ရယူတာ၊ Access ပေးတာတွေကိုလဲ လုံးဝ မပြုလုပ်မိစေဖို့သတိပြု ဆင်ခြင်ရပါမယ်။
နောက်ပြီး မသင်္ကာဖွယ်ရာ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာတာနဲ့ MAB Call Center (018610612) ကို ချက်ချင်း ဆက်သွယ်အကြောင်းကြားဖို့လဲ မမေ့ပါနဲ့နော်။