အထက်ဖော်ပြပါ နည်းလမ်းတစ်ခုခုဖြင့် လျှောက်လွှာတင်သွင်းသည့်နေ့မှ ရုံးဖွင့်ရက် (၁၀) ရက်အတွင်း ကတ်အသစ်လျှောက်ထားခဲ့သည့် ဘဏ်ခွဲ (သို့မဟုတ်) အွန်လိုင်းမှ တစ်ဆင့်ရွေးချယ်ထားသည့် ဘဏ်ခွဲတွင် သွားရောက်ထုတ်ယူနိုင်မည် ဖြစ်ပါသည်။
မူလကတ်ကို သက်တမ်းမကုန်ခင်အချိန်အထိ အသုံးပြုနိုင်မည်ဖြစ်ပြီး သက်တမ်းကုန်ဆုံးရက် စေ့ရောက်ပါက ကတ်အဟောင်းသုံးစွဲခွင့်ကို အလိုလျောက် ဖျက်သိမ်းသွားမည် ဖြစ်ပါသဖြင့် ကတ်အဟောင်းဖြင့် လက်ရှိ အသုံးပြုလျက်ရှိသည့် ဝန်ဆောင်မှုများကို အချိန်မီပြောင်းလဲအသုံးပြုနိုင်ရန်အတွက် လေးစားစွာဖြင့် ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။
အသေးစိတ်သိရှိလိုပါက MAB Call Center 018610612 သို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။
***Choose the nearest branch to pick up your new card once notified of the pick-up date. It may take 10 working days after you have submitted the prepaid card replacement form.