MAB နဲ့သာဆိုရင် ကိုယ်ပိုင်အိမ်လေးတစ်လုံးကို ရယူပိုင်ဆိုင်နိုင်ဖို့ မခက်ခဲတော့ပါဘူး။ MAB ရဲ့ မိတ်ဟောင်းမိတ်သစ် Customer တွေရဲ့ တောင်းဆိုမှုအရ 0% Down Payment ပရိုမိုးရှင်းအစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ထပ်မံတိုးမြှင့်လိုက်ပါပြီ။
MAB Home Loan အစီအစဉ်ရဲ့ အားသာချက်တွေက
🌟 ကြိုက်နှစ်သက်ရာအိမ်ကို Down Payment လုံးဝ ပေးစရာမလိုဘဲ အရစ်ကျငွေပေးချေမှုစနစ်ဖြင့် ဝယ်ယူနိုင်ခြင်း၊
🌟 ချေးငွေသက်တမ်းအားဖြင့် (၂၅) နှစ်အထိ အရစ်ကျ ပေးချေနိုင်ခြင်း၊
🌟 တစ်နှစ်လျှင် အတိုးနှုန်း (၁၀) ရာခိုင်နှုန်းသာ ပေးဆောင်ရခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဝယ်ယူလိုတဲ့ အိမ်တန်ဖိုးရဲ့ (၁၀-၁၅) ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ပမာဏကို MAB ခေါ်ယူအပ်ငွေစာရင်းမှာ အပ်နှံထားရမှာဖြစ်တဲ့အတွက် ထိုအပ်နှံငွေအပေါ်မှာလဲ အတိုးနှုန်းပုံမှန်ရရှိနေမှာ ဖြစ်ပါတယ်။
MAB Home Loan အစီအစဉ်တွင် ပါဝင်လျှောက်ထားသူများသည် အောက်ဖော်ပြပါ စည်းမျဉ်းသတ်မှတ်ချက်များ အားလုံးကို သဘောတူ လိုက်နာရန် လိုအပ်ပါသည်။
၁။ MAB Home Loan အစီအစဉ်ကို (၁.၁၁.၂၀၂၃) မှစတင်၍ (၃၁.၁၂.၂၀၂၃) အထိ ထပ်မံတိုးမြှင့်ပြုလုပ်သွားမည် ဖြစ်သည်။
၂။ ယခု MAB Home Loan အစီအစဉ်တွင် အိမ်ရာချေးငွေလျှောက်ထားရန်အတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် မိမိနှစ်သက်ရာ ကွန်ဒိုနှင့် အဆောက်အဦများကို စိတ်ကြိုက်ရွေးချယ်ပြီး နီးစပ်ရာ MAB ဘဏ်ခွဲများတွင် အိမ်ရာချေးငွေ လျှောက်ထားနိုင်မည် ဖြစ်ပါသည်။
၃။ ယခု MAB Home Loan အစီအစဉ်တွင် ကနဦးပေးသွင်းခ (Down Payment) ပေးသွင်းစရာမလိုဘဲ တစ်နှစ်လျှင် အတိုးနှုန်း (၁၀) ရာခိုင်နှုန်းသာ ပေးဆောင်ရမည်ဖြစ်သည်။
၄။ ယခု MAB Home Loan အစီအစဉ်တွင် ချေးငွေသက်တမ်းအားဖြင့် ကွန်ဒိုတိုက်ခန်းများအတွက် (၁၅) နှစ်အထိ၊ မြေပါဝင်သည့် အဆောက်အဦများအတွက် (၂၅) နှစ်အထိ အများဆုံး ရယူနိုင်မည် ဖြစ်သည်။
၅။ ဝယ်ယူလိုသည့် အိမ်တန်ဖိုး၏ (၁၀-၁၅) ရာခိုင်နှုန်းနှင့် ညီမျှသည့် ပမာဏကို MAB ခေါ်ယူအပ်ငွေစာရင်းတွင် အပ်နှံထားရမည်ဖြစ်ပြီး ထိုအပ်နှံငွေအပေါ်တွင်လည်း အတိုးနှုန်းပုံမှန်ရရှိနေမည် ဖြစ်သည်။
၆။ လျှောက်ထားသူများအနေဖြင် ဝန်ဆောင်ခ (၁.၅) ရာခိုင်နှုန်းနှင့် လျှောက်လွှာကြေး (၅၀,၀၀၀) ကျပ် ပေးဆောင်ရမည်ဖြစ်သည်။
၇။ အသေးစိတ်သိရှိလိုပါက မြန်မာ့ရှေ့ဆောင်ဘဏ်၏ Call Center ဖုန်း – ၀၁ ၈၆၁၀၆၁၂ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။