MAB iBanking (အွန်လိုင်းဘဏ်လုပ်ငန်း) သည် အင်တာနက်ဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အဆင်ပြေပြေနှင့် လုပ်ဆောင်နိုင်သည့် ဝန်ဆောင်မှုဖြစ်ပြီး၊ မည်သည့်အင်တာနက်သုံးကိရိယာမဆို laptop (သို့) phone ဖြင့် အသုံးပြု၍ရနိုင်ပါသည်။ လူကြီးမင်းသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို လုံခြုံသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အချိန်မရွေး လုပ်ဆောင်နိုင်ပါသည်။
MAB iBanking သည် ဘဏ်ဝန်ဆောင်မှုအများစုကို အွန်လိုင်းဖြင့် လုပ်ဆောင်နိုင်ပါသည်။ ဝန်ဆောင်မှုအချို့မှာ အကောင့် /လက်ကျန် စုံစမ်းမေးမြန်းမှု၊ ကိုယ်ပိုင်ဘဏ်အကောင့် အချင်းချင်းသော်လည်းကောင်း၊ အခြား MAB ဘဏ်အကောင့်များသို့လည်းကောင်း၊ MAB ဘဏ်အကောင့်များစွာသို့လည်းကောင်း၊ ငွေလွှဲပြောင်းမှု၊ စာရင်းသေအပ်နှံခြင်း၊ စာရင်းလုပ်ဆောင်ချက်များကိုကြည့်ရှုနိုင်ခြင်း စသည်တို့ဖြစ်ပါသည်။
iBanking အကောင့်ဖွင့်ပြီးပါက အကောင့်ဝင်ရန် အသုံးပြုသူအမည်(Username)အား စာရင်းဖွင့်စဉ်က အသုံးပြုခဲ့သော ဖုန်းသို့ စာတို (sms) ဖြင့်ပေးပို့မည်ဖြစ်ပြီး လူကြီးမင်း၏ email သို့ ဘဏ်မှပေးပို့လာသော Link မှတစ်ဆင့် ကိုယ်ပိုင်စကားဝှက်ထားရှိကာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
လူကြီးမင်း၏ အကောင့်စာရင်းများကို တကူးတက ချိတ်ဆက်ရန် မလိုဘဲ၊ iBanking တွင် အလိုအလျောက် ချိတ်ဆက်၍ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
Retail အသုံးပြုသူများအတွက် လူကြီးမင်း၏ အကောင့်စာရင်းများကို တကူးတက ချိတ်ဆက်ရန် မလိုဘဲ၊ iBanking တွင် အလိုအလျောက် ချိတ်ဆက်၍ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ သို့သော် joint account ကိုင်ဆောင်သူ အမျိုးအစားအပေါ် မူတည်၍ iBanking အတွက် စုံစမ်းမေးမြန်းခြင်း၊ ငွေလွှဲပြောင်းခြင်းအတွက် ခွင့်ပြုခြင်းတို့သည် ကွဲပြားမှုရှိနေနိုင်သည်။
MAB iBanking ဝန်ဆောင်မှုများကို အင်တာနက်အသုံးပြု၍ရသော မည်သည့်နိုင်ငံတွင်မဆို အသုံးပြုနိုင်ပါသည်။
ပြုပြင်ထိန်းသိမ်းရန်အတွက် system downtime လုပ်ထားသောအချိန်မှလွဲ၍ ဝန်ဆောင်မှုအများစုကို ၂၄နာရီ ၇ ရက်ပတ်လုံး ရရှိနိုင်ပါသည်။ System Downtime ရှိသည့် အချိန်နှင့် နေ့ရက်များအား MAB ၏ သက်ဆိုင်ရာ Page များတွင် ကြေငြာပေးပါမည်။
MAB iBanking အမည်ဖြင့် MAB iBanking Application ကို App Store နှင့် Play Store နှစ်ခုလုံးမှ ဒေါင်းလုဒ်ပြုလုပ်နိုင်ပါသည်။
MAB iBanking application သည် နောက်ဆုံး software version နှင့် ၎င်း၏ တစ်ဆင့်နိမ့်သော Version များတွင် အသုံးပြုနိုင်ပါသည်။
MAB iBanking တွင် retail အကောင့်များအတွက် မည်သည့် အင်တာနက်သုံးကိရိယာမဆို – ကွန်ပျူတာ၊ laptop၊ မိုဘိုင်းလ်ဖုန်း (Android သို့မဟုတ် iOS)၊ tablet များဖြင့် အသုံးပြုနိုင်ပါသည်။
Device အမျိုးအစားပေါ် မူတည်၍ လူကြီးမင်း၏ biometric (facial ID (သို့မဟုတ်) fingerprint) စနစ်ဖြင့် ဝင်ရောက်နိုင်ပါသည်။
Login စာမျက်နှာတွင် “Forgot Password” ခလုတ်ကိုနှိပ်ပါ။ ထို့နောက် username နှင့် မွေးသက္ကရာဇ်ကိုရိုက်ထည့်ပြီး “Submit” ကိုနှိပ်ပါ။ ထို့နောက်လူကြီးမင်း စာရင်းသွင်းခဲ့သော အီးမေးလ်သို့လျှို့ ဝှက်နံပါတ်အသစ်ပြောင်းလဲရန် Link အား ပေးပို့မည်ဖြစ်ပါသည်။ Link ၏သက်တမ်းမှာ ၂၄ နာရီသာ ဖြစ်ပြီး၊ ၂၄ နာရီကျော်မှ အသုံးပြုပါက သက်တမ်းကုန်ဆုံးသွား မည်ဖြစ်သည်။
Login စာမျက်နှာပေါ်ရှိ “Forgot Username” ခလုတ်ကို နှိပ်ပါ။ ထို့နောက် လူကြီးမင်း iBanking ဖွင့်ခဲ့စဉ်က စာရင်းသွင်းခဲ့သော အီးမေးလ် နှင့် မွေးသက္ကရာဇ်ကို ရိုက်ထည့်ပြီး “Submit” ကိုနှိပ်ပါ။ ထို့နောက် လူကြီးမင်း အကောင့်ဖွင့်စဉ်က စာရင်းသွင်းခဲ့သော မိုဘိုင်းနံပါတ် နှင့် အီးမေးလ်သို့ Username အား ပေးပို့မည်ဖြစ်ပါသည်။
သင်၏ Username ကို ပြောင်းလဲ၍မရပါ။
သင်၏ Password ကိုပြောင်းလဲနိုင်ပါသည်။
iBanking ဝန်ဆောင်မှုများမှတစ်ဆင့် MAB ဘဏ်တွင်လူကြီးမင်းဖွင့်ထားသော အကောင့်များ အားလုံးကို (ငွေကြေးအမျိုးအစားမခွဲခြားဘဲ) ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ မတူညီသောငွေကြေးအမျိုးအစားမှ အကောင့်နှစ်ခု လွှဲပြောင်းခြင်းအပေါ် ကန့်သတ်ချက်အချို့ ရှိနိုင်ပါသည်။
iBanking စာရင်းဖွင့်ရန် နီးစပ်ရာ MAB ဘဏ်ခွဲများသို့ သွားရောက်လျှောက်ထားနိုင်ပါသည်။
သက်ဆိုင်ရာ ဘဏ်ခွဲများတွင် Retail အကောင့်ဖွင့်ရန် Email ၊ NRC ၊ Mobile No နှင့် MAB ဘဏ်အကောင့်ရှိရန် လိုအပ်ပါသည်။
မရရှိနိုင်သေးပါ။
No.
Transaction Type
Retail
2
20
MMK 300 million
အသုံးပြုရန် မလိုအပ်ပါ။
“ Transfer Money” သည် ငွေလွှဲပြောင်းခြင်းများကို ဆောင်ရွက်ရန် Beneficiary မှတ်ရန်လိုအပ်ပြီး၊ Quick Transfer တွင်မူ Beneficiary မှတ်ရန်မလိုအပ်ဘဲ ငွေလွှဲပြောင်းခြင်းများကို ချက်ချင်းတန်း၍ လုပ်ဆောင်နိုင်ပါသည်။
Multiple Transfer သည် ငွေလွှဲပြောင်းခြင်းလုပ်ငန်းများကို ငွေလွှဲသူမှ ငွေလက်ခံမည့်သူ အများဆုံး ၅ ဦးအထိ တစ်ကြိမ်ထဲဖြင့် လွှဲပြောင်းနိုင်သည့် ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ Multiple Transfer ပြုလုပ်ရန်အတွက် ဦးစွာ Beneficiaries များ မှတ်ထားရန်လိုအပ်ပါသည်။
Quick Transfer သည် beneficiary မှတ်ရန်မလိုအပ်ဘဲ ငွေလွှဲပြောင်းခြင်းများကို စာရင်းနံပါတ်ရိုက်ထည့်ကာတိုက်ရိုက်လုပ်ဆောင်နိုင်သည့် ဝန်ဆောင်မှုမျိုးပင် ဖြစ်ပါသည်။
My Schedule Transfer သည် ငွေပေးပို့ခြင်းများကို လူကြီးမင်းကိုယ်တိုင် ကြိုတင် schedule ဆွဲ၍ သတ်မှတ်ရက်ရောက်တိုင်း အလိုအလျောက် ပေးပို့နိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ “ Transfers” >>“ Transfers” >> “ Schedule Transfer-Existing Beneficiary or Own or Quick ” တို့မှ တစ်ဆင့်ပြီးတစ်ဆင့် ကြိုတင်စီစဉ်ဆောင်ရွက်နိုင်ပါသည်။
My Schedule Transfer သည် ငွေပေးပို့ခြင်းများကို မိမိ စိတ်ကြိုက်ကြိုတင် schedule ဆွဲ၍ သတ်မှတ်ရက်ရောက်တိုင်း အလိုအလျောက် ငွေလွှဲနိုင်သည့် လုပ်ငန်းစဉ်ဖြစ်ပြီး၊ Pay Later သည် မိမိ သတ်မှတ်လိုသည့် တစ်ကြိမ်စာအတွက်သာ ကြိုတင်လုပ်ဆောင်နိုင်သည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။
လွှဲပြောင်းနိင်ပါသည်။ Transfers Module အောက်ရှိ Transfers >> Quick Transfer >> Domestic တို့မှ တစ်ဆင့် ဆောင်ရွက်နိုင်ပါသည်။
Retail သုံးစွဲသူများအနေဖြင့် အခြားပြည်တွင်းဘဏ်များကို ငွေလွှဲရာတွင်အောက်ဖော်ပြပါအတိုင်းလွှဲပြောင်းနိုင်ပါသည်။ -တစ်နေ့တာ အများဆုံး ငွေလွှဲပမာဏ ကျပ် ၁၀,၀၀၀,၀၀၀၊ -တစ်ကြိမ်လျှင် အများဆုံး ငွေလွှဲပမာဏ ကျပ် ၁၀,၀၀၀,၀၀၀၊ -ငွေလွှဲခ တစ်ကြောင်းလျှင် ငွေလွှဲနှုန်း ကျပ် ၂,၀၀၀။
ငွေလက်ခံသူ အချက် အလက် အချို့ မှားယွင်းနေပါသဖြင့် လူကြီးမင်းလွှဲပို့လိုက်သည့် ငွေပမာဏပြန် ဝင်လာခြင်းဖြစ် သည်။ ငွေမလွှဲမီ ဘဏ်စာရင်းနံပါတ်၊ ဘဏ်အမည်၊ ဘဏ်ခွဲအမည်၊ လွှဲပို့သည့်ပမာဏ အစရှိသည်တို့အား စစ်ဆေးအတည်ပြုပါ။ ငွေလွှဲလက်ခံမည့် အကောင့်သည် Dormant မဖြစ်ရပါ။
အောက်ဖော်ပြပါ ဘဏ် (၁၅) ဘဏ်သို့ လွှဲလို့ရပါတယ်။
ငွေလွှဲပြီးမြောက်သော လုပ်ဆောင်မှုများအတွက် Reversal ဖြစ်ခဲ့ပါက ကောက်ခံထားသော ငွေလွှဲခကို ပြန်အမ်းမည် မဟုတ်ပါ။ လူကြီးမင်း၏ အကောင့်ထဲသို့ စာရင်းချေပြီးသော ငွေလွှဲ သီးသန့် ပမာဏကိုသာ ပြန်လည်ထည့်သွင်းပေးပါမည်။
လုပ်ဆောင်မှုမှတ်တမ်းများကို “ Account Activity” နှင့် “ Payment Status Inquiry” တို့တွင် စစ်ဆေးနိုင်ပါသည်။
ငွေလွှဲလက်ခံ ရရှိ/မရှိခြင်း အား iBanking ရှိ Account Activity ၌ ကြည့်ရှု စစ်ဆေးနိုင်ပါသည်။
iBanking အကောင့် စဖွင့်ထားသည့် နေ့မှစ၍ စာရင်းလုပ်ဆောင်ချက်များကိုကြည့်ရှုနိုင်ပြီး တစ်ကြိမ်လျှင်ရက်ပေါင်း (၉၀) အတွက် download ဆွဲ၍ ကြည့်ရှုနိုင်ပါသည်။
Manage Beneficiary သည် အခြားသူများထံသို့ ငွေပေးပို့ရာတွင် ပေးပို့ရမည့်သူ၏ အကောင့်ကို မှတ်ရန်လိုအပ်ပါသည်။ Favorite သည် ငွေပေးပို့သည့် လုပ်ငန်းစဉ်ပြီးမြောက်လျှင် Add to Favorite အား save လုပ်ခဲ့လျှင် နောက်ငွေပေးချေမှုများ ပြုလုပ်လိုပါက Favorite မှတန်း၍ ပြုလုပ်နိုင်ပါသည်။ Favorites လုပ်ငန်းစဉ်ကို လူကြီးမင်း၏ ငွေကြေးလုပ်ငန်းစဉ် ပြီးဆုံးပြီးမှသာလျှင် မှတ်သားထားလို့ ရပါသည်။
ဤဝန်ဆောင်မှုအား လတ်တလောတွင် မရရှိနိုင်ပါ။
iBanking ၌ Credit Card အား ငွေပြန်လည်ပေးချေနိုင်ပါသည်။
ဖွင့်နိုင်ပါသည်။
iBanking ၏ Loan and Finance မှ ချေးငွေအား ပြန်လည်ပေးဆပ် နိုင်ပါသည်။
လူကြီးမင်း၏ iBanking အကောင့်သို့ ဝင်ပါ။ Post Login တွင်ရှိသော “ QR Scan” icon ပုံကို နှိပ်၍ ပေးချေနိုင်ပါသည်။
Retail သုံးစွဲသူများအနေဖြင့် Scan To Pay ဖြင့် ငွေပေးချေရာတွင်အောက်ဖော်ပြပါအတိုင်း ပေးချေနိုင်ပါသည်။ -တစ်နေ့တာ အများဆုံး ငွေလွှဲပမာဏ ကျပ် ၁၀,၀၀၀,၀၀၀၊ -တစ်ကြိမ်လျှင် အများဆုံး ငွေလွှဲပမာဏ ကျပ် ၁၀,၀၀၀,၀၀၀၊ -တစ်နေ့တာ အများဆုံး ငွေလွှဲနိုင်သည့် အကြိမ်အရေအတွက် (၁၀၀)၊
Skynet bill အား MAB iBanking ဖြင့် ပေးချေရာတွင် မိမိ Skynet စက်၏ နောက်ကျောဘက်တွင် ပါရှိသော Bar Code နံပါတ် တစ်ခုတည်းသာ လိုအပ်ပါသည်။
Skynet bill အား MAB iBanking ဖြင့် ပေးချေရာတွင် အနည်းဆုံး ၁ လမှ ၁၂ လ အထိ မိမိစိတ်ကြိုက် ပေးချေနိုင်ပါသည်။
ရရှိနိုင်ပါသည်။
လျှပ်စစ်မီတာဘေလ်ပေးဆောင်ရာတွင် ပေးဆောင်လိုသော မြို့နယ်၏ Region ကို မှားရွေးမိပါက System မှ Pop-up error စာသားကို ဖော်ပြပေးပြီး ဆက်လက်လုပ်ဆောင်နိုင်မည် မဟုတ်ပါ။
မီတာဘေလ်စာရွက်၏ Barcode အောက်တွင် ပါရှိသော နံပါတ်များကို ရည်ညွှန်းပါသည်။
ပေးဆောင်နိုင်ပါသည်။ ထို့ကြောင့် မပေးဆောင်ခင် လူကြီးမင်း ကိုယ်တိုင် သေချာ စစ်ဆေးရပါမည်။ ထပ်မံပေးဆောင်မိခဲ့ပါက သက်ဆိုင်ရာဘဏ်ဖြင့်သာ ဆက်သွယ်ဖြေရှင်းရပါမည်။
လူကြီးမင်း၏ အကောင့် lock ချခြင်း၊ unlock ပြုလုပ်ခြင်း ကိစ္စရပ်အများအတွက် ကျွန်ုပ်တို့၏ MAB iBanking customer service သို့ Hotline( +951 8610612 )ဖုန်းခေါ်ဆိုနိုင်ခြင်း (သို့မဟုတ်) [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နိင်ပါသည်။
Account Statement နေရာတွင် မိမိဆောင်ရွက်ခဲ့သော Request Statement ၏ မှတ်တမ်းကို ပြန်လည်ကြည့်ရှုနိင်ပါသည်။
ငွေကြေးလွှဲပြောင်းရာတွင် အသုံးပြုသော OTP ၏ သက်တမ်းမှာ ၃ မိနစ်သာ ဖြစ်ပါသည်။ သင်သည် ၃ မိနစ်အတွင်း အသုံးမပြုပါက ၎င်း OTP သည် သက်တမ်းကုန်ဆုံးသွားပါမည်။
သင့်စကားဝှက်သည်- • အက္ခရာ 6 လုံးမှ 12 လုံး ထားရှိရမည်၊ • စာလုံးအကြီး (မဖြစ်မနေ အနည်းဆုံး 1လုံး) ပါရှိရမည်၊ • စာလုံးအသေး (မဖြစ်မနေ အနည်းဆုံး 1လုံး) ပါရှိရမည်၊ • ဂဏန်းနံပါတ် (မဖြစ်မနေ အနည်းဆုံး 1လုံး) ပါရှိရမည်၊ • Special Characters (မဖြစ်မနေ အနည်းဆုံး 1လုံး) ပါရှိရမည် • သင့်အမည်၊ မွေးနေ့စသည်ဖြင့် အသုံးများသော စကားဝှက်များကို မထားရှိပါနှင့် (သင်၏လုံခြုံရေးကိုကာကွယ်ရန် သင့်စကားဝှက်ကို မည်သူနှင့်မျှ မမျှဝေပါနှင့်)
လူကြီးမင်းသည် Device ၂ခုဖြင့် User တစ်ခုထဲကို တစ်ပြိုင်နက်တည်း ဝင်၍ မရနိုင်ပါ။
လူကြီးမင်း၏ အကောင့်လုံခြုံရေးအတွက် မိုဘိုင်းနံပါတ်နှင့် အီးမေးလ်လိပ်စာကို အွန်လိုင်းပေါ်မှ ကိုယ်တိုင်ပြောင်း၍ မရနိုင်ပါ။ ပြောင်းလဲလိုပါက နီးစပ်ရာ MAB ဘဏ်ခွဲ၌ သွားရောက်ပြောင်းလဲနိုင်ပါသည်။
လက်ခံရရှိသော email ID သည် ဘဏ်၏တရားဝင် ([email protected]) မှ ဟုတ်မဟုတ် အမြဲစစ်ဆေးပါ။ ဘဏ်၏ တရားဝင် အမှတ်အသား မပါရှိသော email ထဲတွင် ပေးပို့ထားသော လင့်ခ်များ/ ဟိုက်ပါလင့်ခ်များကို မနှိပ်မိရန် သတိပြုရမည်။ ထိုလင့်ခ်များမှတစ်ဆင့် သင်၏ ကိုယ်ရေးအချက်အလက်နှင့် ဘဏ်စာရင်းအချက်အလက်များ မသမာသူ လက်ထဲသို့ ရောက်ရှိနိုင်ပါသည်။ ဘဏ်၏တရားဝင်ဝဘ်ဆိုဒ် (www.mabbank.com) မှသာ iBanking Login ဝင်ပါ။ မသမာမှု (သို့) သံသယ ရှိသော မေးမြန်းမှုများအတွက် ဘဏ်၏ Call center 01-8610612 သို့ ချက်ခြင်းစုံစမ်းမေးမြန်းနိုင်ပါသည်။
– အသုံးပြုသူ၏ အထောက်အထားများ/Password/ OTP ကိုမည်သူတစ်ဦးတစ်ယောက်ကိုမျှ မမျှဝေပါနှင့်။ – Cyber Cafe များ/ အများသုံး PC ကဲ့သို့သော လူအများအသုံးပြုသည့်ကွန်ပျူတာများမှ အင်တာနက် ဘဏ်ဝန်ဆောင်မှုအသုံးပြုခြင်းကိုရှောင်ပါ။ – တောင်းဆိုမှုမရှိဘဲရောက်ရှိလာသော လင့်ခ်များ/စာမျက်နှာများ/ ကမ်းလှမ်းချက်များ စသည်တို့ကို မည်သည့်အခါမျှ မနှိပ်ပါနှင့်။ ၎င်းတို့တွင်လူကြီးမင်း၏ iBanking အထောက်အထားများကိုဖော်ပြရရယူနိုင်သည့်ဗိုင်းရပ်စ်/ phishing လင့်ခ်များ ပါဝင်နိုင်ပါသည်။ – တတ်နိုင်သမျှ လုံခြုံစိတ်ချရသောဘဏ်လုပ်ငန်းဝန်ဆောင်မှုများကိုရယူရန်လူကြီးမင်း၏ ကိုယ်ပိုင်ကွန်ပျူတာကို အမြဲတမ်းအသုံးပြုပါ။ – အန္တရာယ်ရှိသော ဗိုင်းရပ်စ်များမှကာကွယ်ရန်လူကြီးမင်း၏ PC ကိုဗိုင်းရပ်စ်မဝင်အောင်ရှင်းလင်းပါ။ – လူကြီးမင်း၏ ဘဏ်လုပ်ငန်းအချက်အလက်များကို မည်သူ့ကိုမျှ မမျှဝေပါနှင့်။ – လွယ်ကူရိုးရှင်းသောစကားလုံးများဖြင့် Password များကို မသတ်မှတ်ပါနှင့်။ စာလုံးအကြီးအသေးများ၊ alpha+numeric+special character များဖြင့်လူကြီးမင်း၏ Password အား ခိုင်မာအောင်ပြုလုပ်ပါ။ – လော့ခ်ဖွင့်ထားသော လူကြီးမင်း၏ ဖုန်းအား မည့်သူကိုမျှ ပေးမသုံးပါနှင့်။ ၎င်းတို့သည် သင့်အကောင့်နှင့် e-Token များကို ဝင်ရောက်အသုံးပြုနိုင်သည်။ – လူကြီးမင်း၏ Password အား အခြားသူများမှသိရှိသည်ဟုယူဆပါက အသစ်ပြောင်းလဲထားပါ။ ထိုသူများသည် သင့် Password အဟောင်းကိုသိသော်လည်း ဝင်ရောက်ကြည့်ရှု၍မရသောကြောင့် မသမာမှု (သို့) လိမ်လည်မှုကိုတားဆီးနိုင်ပါသည်။
MAB Call Center ကို ဦးစွာ ဆက်သွယ်သင့်ပါသည် (သို့မဟုတ်) နီးစပ်ရာ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲသို့ သွားရောက်၍ အကြောင်းကြားနိုင်ပါသည်။
iBanking ကိုအသုံးပြုရာတွင် မည်သည့် ငွေပေးငွေယူ/လွှဲပြောင်းမှုများကိုမဆို လုပ်ဆောင်ရာတွင် (Username/ Password နှင့် OTP) ကို အသုံးပြု၍သာ လုပ်ဆောင်နိုင်သည်။ လူကြီးမင်း၏ iBanking အကောင့်နှင့် သက်ဆိုင်သော အထောက်အထားများကို လုံခြုံအောင်ပြုလုပ်ရန်မှာ လူကြီးမင်း၏ တာဝန်ဖြစ်သည်။ ထို့ကြောင့် ငွေပေးငွေယူများပြုလုပ်ရာတွင် လိုအပ်သော အထောက်အထားများသည် အကောင့်ပိုင်ရှင်ထံတွင်သာ ရှိမည် ဖြစ်သည်။
MAB iBanking ဖွင့်ထားသော မိုဘိုင်းဖုန်းပျောက်ဆုံးသွားပါက တစ်စုံတစ်ရောက်မှ ဝင်ရောက် အသုံးပြုခွင့် မရရှိနိုင်စေရန် အတွက် လုံခြုံရေးအတားအဆီး အဆင့်များစွာ ရှိပါသည်။ 1. လူကြီးမင်း၏ မိုဘိုင်းဖုန်းကို lock ချထားခြင်းဖြင့် တစ်စုံတစ်ယောက်မှ ဝင်ရောက် အသုံးပြုနိုင်မည် မဟုတ်ပါ။ 2. MAB iBanking သို့ဝင်ရောက်ရန်အတွက် လူကြီးမင်း၏ Username နှင့် Password နှစ်ခုစလုံးကို သိရှိမှသာ ဝင်ရောက် အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။ 3. Mobile Phone ပျောက်ဆုံးသွားလျှင် လူကြီးမင်း၏ iBanking အကောင့်ကို အမြန်ဆုံး Lock ချရန်အတွက် ဘဏ်သို့ အချိန်မီ အကြောင်းကြားရန် လိုအပ်ပါသည်။
MAB iBanking ကိုအသုံးပြု၍ MAB Bank ၏ Online Card Application ဝန်ဆောင်မှုကို လျှောက်ထားနိုင်ပါသည်။
MAB iBanking တွင် Debit Card (MPU, MPU-UPI) နှင့် Secured Credit Card (Visa Platinum Credit Card) တို့ လျှောက်ထားနိုင်ပါသည်။
MAB iBanking ၌ Debit Card လျှောက်ထားရာတွင် MAB Bank ၏ Bank Account နှင့် သုံးစွဲမည့်သူသည် အသက် ၁၈ နှစ်ပြည့်ရန်လိုအပ်ပါသည်။
MAB iBanking ၌ Secured Credit Card လျှောက်ထားရာတွင် Bank Account , Deposits Amount , Repayment Account နှင့် အသက် ၁၈ နှစ်ပြည့်ရန်လိုအပ်ပါသည်။
Secured Credit Card လျှောက်ထားရာတွင် အနည်းဆုံး ၅၀၀,၀၀၀ ကျပ် မှ အများဆုံး ၂,၅၀၀,၀၀၀ ကျပ် ပမာဏအထိ လျှောက်ထားနိုင်ပါသည်။
MAB iBanking ၌ Debit Card လျှောက်ထားရာတွင် Debit Card ရှိထားသော်လည်း Debit Card အမျိုးအစား မတူညီပါက လျှောက်ထားနိုင်ပါသည်။
မိမိ Card လျှောက်ထားရာတွင်ဖြည့်စွက်ထားသော ဘဏ်ခွဲတွင်ပြန်လည်ထုတ်ယူနိုင်ပါသည်။
MAB iBanking တွင် Secured Credit Card လျှောက်ထားရာတွင် ယာယီအားဖြင့် Visa Platinum Credit Card တမျိုးကိုသာ လျှောက်ထားနိုင်ပါသည်။
MAB iBanking ၌ Card လျှောက်ထားရာတွင် Bank မှသတ်မှတ်ထားသော နှုန်းထားများအတိုင်း ပေးဆောင်ရန် လိုအပ်ပါသည်။
Customer သည် မိမိ၏ MAB iBanking မှတဆင့် Card Status အားဝင်ရောက်ကြည့်ရှု၍သိနိုင်ပါသည်။
Customer သည် Card လျှောက်ထားသော ကာလအတောအတွင်း မိမိ၏ Card လျှောက်ထားမှုကို Cancel (or) Reject ပြုလုပ်၍မရနိုင်ပါ။
Corporate အကောင့်ဖွင့်ရန်အတွက် Email ၊ NRC၊ Mobile No နှင့် MAB ဘဏ်အကောင့်ရှိရန် လိုအပ်ပါသည်။ တရားဝင်ခွင့်ပြု သူများ၏ ခွင့်ပြုချက်လက်မှတ်များအပြင် အခြားသက်ဆိုင်သည့်စာရွက်စာတမ်းများ (ဘုတ်အဖွဲ့မှတ်တမ်းများ၊ ပြုလုပ်သူ Maker နှင့် အတည်ပြုသူ Checker အသေးစိတ်အချက်အလက်များ) အစရှိသည်တို့ လိုအပ်ပါသည်။
Corporate iBanking မှရရှိနိုင်သော အဓိကဝန်ဆောင်မှုများမှာ – ဘဏ်စာရင်း အသေးစိတ် – ဘဏ်စာရင်း လုပ်ဆောင်ချက်များ – အစုလိုက် ငွေပေးချေခြင်းဝန်ဆောင်မှု ( ဥပမာ – ဝန် ထမ်းများအားလစာပေးခြင်း) – ချေးငွေနှင့် ဘဏ္ဍာရေး – စာရင်းလွှဲပြောင်းခြင်းဝန်ဆောင်မှုများ (Own, internal, multiple & quick transfer)
MAB iBanking Corporate အကောင့်ဖွင့်လှစ်ခြင်းအတွက် အခကြေးငွေပေးရန် မလိုအပ်ပါ။
iBanking အကောင့် ဖွင့်ပြီးပါက အကောင့်ဝင်ရန် အသုံးပြုသူအမည် (Username) အား စာရင်းဖွင့်စဉ်ကအသုံးပြုခဲ့သော ဖုန်းသို့ စာတို (sms) ဖြင့်ပေးပို့မည်ဖြစ်ပြီး လူကြီးမင်း၏ email သို့ ဘဏ်မှပေးပို့လာသော Link မှတစ်ဆင့် ကိုယ်ပိုင်စကားဝှက်ထားရှိကာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
Corporate အသုံးပြုသူများအနေဖြင့်လူကြီးမင်း ချိတ်ဆက်ဖော်ပြလိုသော အကောင့်စာရင်းများကို iBanking တွင်ဖော်ပြပေးနိုင်ရန်နီးစပ်ရာ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲများတွင် သွားရောက်၍ လျှောက်ထားနိုင်ပါသည်။
လူကြီးမင်း၏ Personal Joint Account အား Corporate User တွင် ချိတ်ဆက် အသုံးပြုခွင့်မရှိပါ။
Corporate အကောင့်များအတွက် အင်တာနက်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများမှတစ်ဆင့် ငွေပေးငွေယူလုံခြုံရေးကို ထိန်းချုပ်ရန်အတွက် မတူညီသော role များ သတ်မှတ်နိုင်ပါသည်။ Maker သည် Transaction များအားစတင် လုပ်ဆောင်နိုင်ပြီး Checker အနေဖြင့် Transaction များ အား အတည်ပြုပေးပြီးမှသာ ငွေပေးငွေယူမှုများပြီး မြောက်မည် ဖြစ်သည်။ ၎င်းသည် ကုမ္ပဏီအကောင့်များကို ထိန်းချုပ်ရာရောက်စေပါသည်။
Corporate
100
MMK 500 million
MMK 1 billion
3
Quick Transfer (Internal)
MAB e-Token သည် ငွေပေးငွေယူလုပ်သည့်အခါတိုင်း လိုအပ်သော အတည်ပြုကုဒ် နံပါတ် (Verification code) ကိုထုတ်ပေးသည့် အက်ပလီကေးရှင်းတစ်ခုဖြစ်သည်။
MAB e-Token အမည်ဖြင့် MAB e-Token Application ကို App Store နှင့် Play Store နှစ်ခုလုံးမှဒေါင်းလုဒ်ပြုလုပ်နိုင်ပါသည်။
e-Token ကို Register ပြုလုပ်ရန် လူကြီးမင်း၏ iBanking အကောင့်ဖွင့်ထားသော Username နှင့် Password ကိုအသုံးပြုရပါမည်။
e-Token App မှ Verification Code အား System မှ အလိုအလျောက်ပြုလုပ်ပေးမည်ဖြစ်ပြီး ၎င်းကို စက္ကန့် (၃၀) အတွင်း အသုံးပြုရမည်ဖြစ်သည်။
Login ဝင်ရန် PIN နံပါတ် (၃) ကြိမ်နှင့်အထက် မှားရိုက်မိပါက လုံခြုံရေးအရ Register ပြန်လည် ပြုလုပ်ရန်လိုအပ်ပါသည်။
မရနိုင်ပါ။ တစ်ကြိမ်လျှင် device တစ်ခုသာ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ နောက်ဆုံး device မှရရှိသော Verification Code သာလျှင် အတည်ဖြစ်သည်။
ဤဝန်ဆောင်မှုအား လောလောဆယ် မရရှိနိုင်ပါ။
iBanking ၏ “ Loan and Finance Function” မှတဆင့် ချေးငွေပြန်လည်ပေးဆပ်နိုင်ပါသည်။
Corporate သုံးစွဲသူများအတွက် လတ်တလောတွင် မရနိုင်သေးပါ။
iBanking ဝန်ဆောင်မှုများမှတစ်ဆင့် MAB Bank ရှိ လူကြီးမင်းတွင်ရှိသော အကောင့်များ အားလုံးကို (ငွေကြေးအမျိုးအစားမခွဲခြားဘဲ) ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ မတူညီသော ငွေကြေးအမျိုးအစားမှ အကောင့်နှစ်ခု လွှဲပြောင်းခြင်း အပေါ် ကန့်သတ်ချက်အချို့ ရှိနိုင်ပါသည်။
“ Account Activity” နှင့် “ Payment Status Inquiry” တို့တွင် စစ်ဆေးနိုင်ပါသည်။
Multiple Transfer သည် ငွေလွှဲပြောင်းခြင်း လုပ်ငန်းများကို ငွေလွှဲသူမှ ငွေလက်ခံမည့်သူ အများဆုံး ၅ ဦးအထိ တစ်ကြိမ်ထဲဖြင့် လွှဲပြောင်းနိုင်သည့် ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ Multiple Transfer ပြုလုပ်ရန်အတွက် ဦးစွာ Beneficiaries များ မှတ်ထားရန်လိုအပ်ပါသည်။
Quick Transfer သည် beneficiary မှတ်ရန်မလိုအပ်ဘဲ ငွေလွှဲပြောင်းခြင်းများကို စာရင်းနံပါတ်ရိုက်ထည့်ကာ တိုက်ရိုက်လုပ်ဆောင်နိုင်သည့် ဝန်ဆောင်မှုမျိုးပင် ဖြစ်ပါသည်။
My Schedule Transfer သည် ငွေပေးပို့ခြင်းများကို လူကြီးမင်းကိုယ်တိုင် ကြိုတင် schedule ဆွဲ၍ သက်မှတ်ရက်ရောက်တိုင်း အလိုအလျောက် ပေးပို့နိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ “ Transfers” >>“ Transfers” >> “ Schedule Transfer-Existing Beneficiary or Own or Quick ” တို့မှ တစ်ဆင့်ပြီးတစ်ဆင့် ကြိုတင်စီစဉ်ဆောင်ရွက်နိုင်ပါသည်။
My Schedule Transfer သည် ငွေပေးပို့ခြင်းများကို မိမိ စိတ်ကြိုက်ကြိုတင် schedule ဆွဲ၍ သတ်မှတ်ရက်ရောက်တိုင်း အလိုအလျောက် ငွေလွှဲနိုင်သည့် လုပ်ငန်းစဉ်ဖြစ်ပြီး၊ Pay Later သည် မိမိသတ်မှတ်လိုသည့် တစ်ကြိမ်စာအတွက်သာ ကြိုတင်လုပ်ဆောင်နိုင်သည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။
ပြုပြင်ထိန်းသိမ်းရန်အတွက် system downtime လုပ်ထားသောအချိန်မှလွဲ၍ ဝန်ဆောင်မှုအများစုကို ၂၄ နာရီ ၇ ရက်ပတ်လုံး ရရှိနိုင်ပါသည်။ System Downtime ရှိသည့် အချိန်နှင့် နေ့ရက်များအား MAB ၏ သက်ဆိုင်ရာ Page များတွင် ကြေငြာပေးပါမည်။
Login စာမျက်နှာတွင် “Forgot Password” ခလုတ်ကိုနှိပ်ပါ။ ထို့နောက် username နှင့် မွေးသက္ကရာဇ်ကိုရိုက်ထည့်ပြီး “Submit” ကိုနှိပ်ပါ။ ထို့နောက်လူကြီးမင်း စာရင်းသွင်းခဲ့သော အီးမေးလ်သို့လျှို့ ဝှက်နံပါတ်အသစ်ပြောင်းလဲရန် Link အား ပေးပို့မည်ဖြစ်ပါသည်။ Link ၏သက်တမ်းမှာ ၂၄နာရီသာ ဖြစ်သည်၊ ၂၄နာရီကျော်မှ အသုံးပြုပါက သက်တမ်းကုန်ဆုံးသွား မည်ဖြစ်သည်။
Login စာမျက်နှာပေါ်ရှိ “Forgot Username” ခလုတ်ကို နှိပ်ပါ။ ထို့နောက် လူကြီးမင်း iBanking ဖွင့်ခဲ့စဉ်က စာရင်းသွင်းခဲ့သော အီးမေးလ်နှင့် မွေးသက္ကရာဇ်ကို ရိုက်ထည့်ပြီး “Submit” ကိုနှိပ်ပါ။ ထို့နောက် လူကြီးမင်း အကောင့်ဖွင့်စဉ်က စာရင်းသွင်းခဲ့သော မိုဘိုင်းနံပါတ်နှင့် အီးမေးလ်သို့ Username အား ပေးပို့မည်ဖြစ်ပါသည်။
သင့် Username ကို ပြောင်းလဲ၍မရပါ။
သင့် Password ကိုပြောင်းလဲနိုင်ပါသည်။
သင့်စကားဝှက်သည် • အက္ခရာ 6 လုံးမှ 12 လုံး ထားရှိရမည်၊ • စာလုံးအကြီး (မဖြစ်မနေ အနည်းဆုံး 1လုံး) ပါရှိရမည်၊ • စာလုံးအသေး (မဖြစ်မနေ အနည်းဆုံး 1လုံး) ပါရှိရမည်၊ • ဂဏန်းနံပါတ် (မဖြစ်မနေ အနည်းဆုံး 1လုံး) ပါရှိရမည်၊ • Special Characters (မဖြစ်မနေ အနည်းဆုံး 1လုံး) ပါရှိရမည် • သင့်အမည်၊ မွေးနေ့စသည်ဖြင့် အသုံးများသော စကားဝှက်များကို မထားရှိပါနှင့် (သင်၏လုံခြုံရေးကိုကာကွယ်ရန် သင့်စကားဝှက်ကို မည်သူနှင့်မျှ မမျှဝေပါနှင့်)
လူကြီးမင်းသည် Device ၂ ခုဖြင့် User တစ်ခုထဲကို တစ်ပြိုင်နက်တည်း ဝင်၍ မရနိုင်ပါ။
ငွေလွဲ လက်ခံ ရရှိ/မရှိခြင်းအား iBanking ရှိ Account Activity ၌ ကြည့်ရှု စစ်ဆေးနိုင်ပါသည်။
– အသုံးပြုသူ၏အထောက်အထားများ/ Password/ OTP ကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ မမျှဝေပါနှင့်။ – Cyber Cafe များ/ အများသုံး PC ကဲ့သို့သော လူအများအသုံးပြုသည့်ကွန်ပျူတာများမှ အင်တာနက် ဘဏ်ဝန်ဆောင်မှု အသုံးပြုခြင်းကိုရှောင်ပါ။ – တောင်းဆိုမှုမရှိဘဲရောက်ရှိလာသော လင့်ခ်များ/စာမျက်နှာများ/ကမ်းလှမ်းချက်များ စသည်တို့ကို မည်သည့်အခါမျှ မနှိပ်ပါနှင့်။ ၎င်းတို့တွင်လူကြီးမင်း၏ iBanking အထောက်အထားများကို ဖော်ပြရယူနိုင်သည့်ဗိုင်းရပ်စ်/ phishing လင့်ခ်များ ပါဝင်နိုင်ပါသည်။ – တတ်နိုင်သမျှ လုံခြုံစိတ်ချရသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကိုရယူရန် လူကြီးမင်း၏ ကိုယ်ပိုင်ကွန်ပျူတာကို အမြဲတမ်းအသုံးပြုပါ။ – အန္တရာယ်ရှိသော ဗိုင်းရပ်စ်များမှ ကာကွယ်ရန်လူကြီးမင်း၏ PC ကိုဗိုင်းရပ်စ်မဝင်အောင်ရှင်းလင်းပါ။ – လူကြီးမင်း၏ ဘဏ်လုပ်ငန်းအချက်အလက်များကို မည်သူ့ကိုမျှ မမျှဝေပါနှင့်။ – လွယ်ကူရိုးရှင်းသောစကားလုံးများဖြင့် Password များကို မသတ်မှတ်ပါနှင့်။ စာလုံးအကြီးအသေးများ၊ alpha+numeric+special character များဖြင့်လူကြီးမင်း၏ Password အား ခိုင်မာအောင်ပြုလုပ်ပါ။ – လော့ခ်ဖွင့်ထားသော လူကြီးမင်း၏ ဖုန်းအား မည့်သူကိုမျှ ပေးမသုံးပါနှင့်။ ၎င်းတို့သည် သင့်အကောင့်နှင့် e-Token များကို ဝင်ရောက်အသုံးပြုနိုင်သည်။ – လူကြီးမင်း၏ Password အား အခြားသူများမှသိရှိသည်ဟုယူဆပါက အသစ်ပြောင်းလဲထားပါ။ ထိုသူများသည် သင့် Password အဟောင်းကိုသိသော်လည်း ဝင်ရောက်ကြည့်ရှု၍မရသောကြောင့် မသမာမှု (သို့) လိမ်လည်မှုကိုတားဆီးနိုင်ပါသည်။
iBanking ကိုအသုံးပြုရာတွင် မည်သည့်ငွေပေးငွေယူ/လွှဲပြောင်းမှုများကိုမဆို လုပ်ဆောင်ရာတွင် (Username/ Password နှင့် OTP) ကို အသုံးပြု၍သာ လုပ်ဆောင်နိုင်သည်။ လူကြီးမင်း၏ iBanking အကောင့်နှင့် သက်ဆိုင်သော အထောက်အထားများကို လုံခြုံအောင်ပြုလုပ်ရန်မှာ လူကြီးမင်း၏ တာဝန်ဖြစ်သည်။ ထို့ကြောင့် ငွေပေးငွေယူများပြုလုပ်ရာတွင် လိုအပ်သော အထောက်အထားများသည် အကောင့်ပိုင်ရှင်ထံတွင်သာ ရှိမည်ဖြစ်သည်။
MAB iBanking ဖွင့်ထားသော မိုဘိုင်းဖုန်းပျောက်ဆုံးသွားပါက တစ်စုံတစ်ရောက်မှ ဝင်ရောက် အသုံးပြုခွင့် မရရှိနိုင်စေရန်အတွက် လုံခြုံရေးအတားအဆီး အဆင့်များစွာ ရှိပါသည်။ 1. လူကြီးမင်း၏ မိုဘိုင်းဖုန်းကို lock ချထားခြင်းဖြင့် တစ်စုံတစ်ယောက်မှ ဝင်ရောက် အသုံးပြုနိုင်မည် မဟုတ်ပါ။ 2. MAB iBanking သို့ ဝင်ရောက်ရန်အတွက် လူကြီးမင်း၏ Usernameနှင့် Password နှစ်ခုစလုံးကို သိရှိမှသာ ဝင်ရောက် အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။ 3. Mobile Phone ပျောက်ဆုံးသွားလျှင် လူကြီးမင်း၏ iBanking အကောင့်ကို အမြန်ဆုံး Lock ချရန်အတွက် ဘဏ်သို့ အချိန်မီ အကြောင်းကြားရန် လိုအပ်ပါသည်။