၂၀၂၂ ခုနှစ်၊ မတ်လ၊ ၃၁ ရက်၊ (ကြာသပတေးနေ့) ည ၈:၀၀နာရီ မှ ဧပြီလ၊ ၁ ရက်၊ (သောကြာနေ့) နံနက် ၆:၁၅ နာရီ အထိ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြစ်သည့် မိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုများ၊ MAB Debit ကတ်ဝန်ဆောင်မှုများ၊ အင်တာနက်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် POS ဝန်ဆောင်မှုများ ခေတ္တရရှိမည်မဟုတ်ပါကြောင်း လေးစားစွာကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။
အခြားဝန်ဆောင်မှုများဖြစ်သည့် MAB VISA ကတ်ဝန်ဆောင်မှုများ၊ Mastercard ကတ်ဝန်ဆောင်မှုများအစရှိသည့် ဝန်ဆောင်မှုများကို ပုံမှန်အတိုင်းဆက်လက်အသုံးပြုသွားနိုင်မည်ဖြစ်ပါသည်။
လူကြီးမင်းတို့၏ သည်းခံနားလည်ပေးမှုများအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက MAB Call Center 01 8610612 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
#MAB