ငွေစုဘဏ်အပ်ငွေစာရင်း ငွေစုဘဏ်စာရင်းကိုငွေစုဆောင်းလိုသူများကဖွင့်ကြသည်။ ငွေစုဘဏ်စာရင်းသည် အတိုးရသည့်အပြင်စီးပွားရေးလုပ်ငန်းရှင်များက Current Account နှင့်ချိတ်ဆက်၍ အသုံးပြုကြသည်။
စာရင်းရှင်စာရင်းကို စီးပွားရေးလုပ်ငန်းများတွင် လွယ်ကူစွာငွေပေးချေနိုင်ရန်အတွက် ရည်ရွယ်လျှက်ဖွင့်ကြသည်။ Current account ဖွင့်ခြင်းအားဖြင့် ငွေသားအစား Cheque စာအုပ်ဖြင့်ငွေသွင်း၊ငွေထုတ် လွယ်ကူစွာပြုလုပ်နိုုင်သည်။
စာရင်းသေအပ်ငွေ ဆိုသည်မှာသတ်မှတ်ထားသောကာလအပိုင်းအခြားတစ်ခုအထိငွေကိုအပ်နှံထားရသည်။ သတ်မှတ်ကာလမပြည့်မီ ငွေထုတ်ယူပါက အနီးစပ်ဆုံးစေ့ရောက်ပြီး သက်တမ်း၏ အတိုးနှုန်းအတိုင်း အတိုးတွက်ပေးပါသည်။ စာရင်းသေအပ်ငွေသည် အခြားဘဏ် စာရင်းများထက်အတိုးငွေ ပိုမိုရရှိသောကြောင့် ငွေပိုငွေလျှံရှိသော Customer များ၊ နှင့် အုပ်ထိန်းသူမိဘများ ကကလေးအတွက် ရည်ရွယ်ပြီးဖွင့်ကြသည်။