ဘဏ်ပိတ်ရက်ကြေညာခြင်း (ဝါဆိုလပြည့်နေ့)
—————————
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၊ ၁၂ ရက် (အင်္ဂါနေ့) သည် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)၊ အများပြည်သူအလုပ်ပိတ်ရက်ဖြစ်ပါသဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဘဏ်ခွဲများအားလုံး ပိတ်ထားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။
ဘဏ်လုပ်ငန်းဝန်ဆောင်မှုနှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာပေါ်ပေါက်လာပါက MAB Call Center 01 8610 612 သို့ နေ့စဉ်နံနက် (၇) နာရီမှ ည (၁၂) နာရီအတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။