အချိန်ကာလ အကန့်အသတ်မရှိ ငွေအပ်နှံထုတ်ယူနိုင်မဲ့အပြင် နေ့စဉ် အတိုးနှုန်း တွက်ချက်ပေးတဲ့ အပ်ငွေစာရင်းအမျိုးအစားဆိုရင်တော့ MAB Better Call (ခေါ်ယူအပ်ငွေစာရင်းသစ်) ရှိပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၄ ရက်နေ့မှ စတင်ပြီး MAB Better Call (ခေါ်ယူအပ်ငွေစာရင်းသစ်) မှာ ငွေကျပ်တစ်သိန်းနှင့်အထက် အပ်နှံသူတိုင်း တစ်နှစ်ကို အတိုးနှုန်း ၇.၀၀% ရရှိနိုင်မှာ ဖြစ်တဲ့အပြင် အတိုးနှုန်းကို နေ့စဉ်တွက်ချက်ပြီး အပ်ငွေစာရင်းထဲမှာ လစဉ်ပုံမှန် ထည့်သွင်းပေးသွားမှာပါ။
MAB Better Call (ခေါ်ယူအပ်ငွေစာရင်းသစ်) ကို နီးစပ်ရာ MAB ဘဏ်ခွဲများတွင် ဖွင့်လှစ်နိုင်ပြီး ငွေကျပ်တစ်သောင်းမှ စတင်၍ ပမာဏနှင့် အချိန်ကာလအကန့်အသတ်မရှိ ငွေသားအပ်နှံနိုင်ပါတယ်။
MAB Better Call (ခေါ်ယူအပ်ငွေစာရင်းသစ်) ၏ ထပ်တိုးအကျိုးခံစားခွင့်များမှာ + အပ်ငွေပမာဏ (၁၀၀,၀၀၀) ကျပ်မှ စတင်၍ ထည့်သွင်းသည့်မည်သည့် အပ်ငွေပမာဏမဆို အတိုးနှုန်းတစ်နှစ်လျှင် ၇.၀၀% မှစတင်၍ရရှိနိုင်ခြင်း၊ + Individual A/C များအတွက် ကတ်လျှောက်ထားရယူနိုင်ခြင်း၊ + MAB iBanking လျှောက်ထားနိုင်ခြင်း၊ + နေ့စဉ်အတိုးတွက်ချက်ပေးခြင်း၊ + ပမာဏအကန့်အသတ်မရှိ အဆင်ပြေလွယ်ကူစွာဖြင့် ငွေအပ်နှံနိုင်ခြင်း/ငွေထုတ်ယူနိုင်ခြင်း၊ + MAB Better Call Deposit (ခေါ်ယူအပ်ငွေစာရင်းသစ်) ၏ ချက်လက်မှတ်ဖြင့် မည်သူမဆို ငွေသားထုတ်ယူရရှိနိုင်ခြင်း၊ + အတိုးကိုလစဉ်ထည့်သွင်းပေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။
MAB Better Call (ခေါ်ယူအပ်ငွေစာရင်းသစ်) နဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် MAB Call Center 01-8610612 ကို အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။