များများစုလေ ပိုရလေ MAB “ရှယ် Fixed Promotion”
MAB ရဲ့ မိတ်ဟောင်းမိတ်သစ် Customer ကြီးတွေအတွက် စုဆောင်းငွေတွေ ပိုမိုတိုးပွားစေနိုင်ဖို့ အကောင်းဆုံးဖြည့်ဆည်းပေးမဲ့ ပရိုမိုးရှင်းအစီအစဉ်အသစ် လာပါပြီ။ အတိုးလဲများ၊ စုငွေလဲပွားစေမဲ့ MAB “ရှယ် Fixed Promotion” အစီအစဉ်အသစ်မှာ ရက် (၃၀) စုဆောင်းရုံဖြင့် ပိုမိုကောင်းမွန်တဲ့အတိုးနှုန်း ၉.၅၅% မှ ၉.၇၅% အထိ ရရှိနိုင်မှာဖြစ်သလို အပ်နှံငွေပမာဏနဲ့ စာရင်းသေအပ်နှံတဲ့ ကာလအပိုင်းအခြားအပေါ်မူတည်ပြီး အကောင်းဆုံးအတိုးနှုန်းများလဲ ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။
များများစုလေ ပိုရလေ MAB “ရှယ် Fixed Promotion” တွင် ပါဝင်သူများအတွက်အထူးသီးသန့် အတိုးနှုန်း ခံစားခွင့်များ စာရင်းသေအပ်နှံသည့် ကာလအပိုင်းအခြားအပေါ်မူတည်ပြီး ရရှိနိုင်မည့် အတိုးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ယခု ပရိုမိုးရှင်းအစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၊ ၁ ရက်မှ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်တဲ့အတွက် နီးစပ်ရာ MAB ဘဏ်ခွဲကို သွားရောက်ပြီး အကောင်းဆုံးအတိုးနှုန်းတွေကို ရယူနိုင်ပါပြီ။
များများစုလေ ပိုရလေ MAB “ရှယ် Fixed Promotion” အစီအစဉ် စည်းကမ်းသတ်မှတ်ချက်များ
များများစုလေ ပိုရလေ MAB “ရှယ် Fixed Promotion“ အစီအစဉ်တွင် ပါဝင်မည့်သူများသည် အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များ အားလုံးကို သဘောတူလိုက်နာရန် လိုအပ်ပါသည်။
၁။ ပရိုမိုးရှင်းကာလမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၊ ၁ ရက်မှ ၃၀ ရက်နေ့အထိ ဖြစ်ပါသည်။ ၂။ မည်သည့် MAB ဘဏ်ခွဲတွင်မဆို စာရင်းဖွင့်လှစ်နိုင်ပါသည်။ ၃။ ယခုအစီအစဉ်တွင် ပရိုမိုးရှင်းကာလအတွင်း Better Fixed Cash တွင် အနည်းဆုံးအပ်နှံငွေ ကျပ်သိန်းငါးဆယ်နှင့် Better GOLD Fixed Cash တွင် အနည်းဆုံးအပ်နှံငွေ ကျပ်သိန်းသုံးထောင်မှစ၍ အပ်နှံနိုင်ပါသည်။ ၄။ သက်တမ်းမပြည့်မီ ငွေသားထုတ်ယူ ခွင့်မရှိပါ။ ၅။ ဤ Promotion အတိုးနှုန်းအား Company နှင့် Association စာရင်းများ ခံစားခွင့် မရှိပါ။ ၆။ အသေးစိတ် ပိုမိုသိရှိလိုပါက MAB Call Center ဖုန်း – ၀၁ ၈၆၁၀၆၁၂ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။