Currency
Buy
Sell
USD
3600
3610
EUR
3968
3980
SGD
2670
2678
THB
129.40
129.70
MYR
800
802
Rate
4,150 MMK
Effective on18/04/2025
*Rate shown is indicative only and subject to change without notice.
3598
3608
CNY
542.80
544.40
130.50
130.80
နိုင်ငံတကာ ဘဏ်လုပ်ငန်း အနေဖြင့် နိုင်ငံခြား ကုန်သွယ်ဘဏ္ဍာရေး ဝန်ဆောင်မှုများ၊ ကမ္ဘာ တစ်ဝှမ်းလုံးသို့ ငွေပေးပို့နိုင်သော Western Union နှင့် နိုင်ငံခြား ငွေလွှဲလုပ်ငန်းများ၊ နိုင်ငံခြား အပ်ငွေစာရင်းများ၊ ငွေလဲလှယ်သည့် ဝန်ဆောင်မှုများ အစ ရှိသည်တို့ကို မြန်မာ့ရှေ့ဆောင်ဘဏ်မှ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိနေပါသည်။
နိုင်ငံခြားငွေလဲလှယ်လိုသည့် customers များအတွက် မြန်မာ့ရှေ့ဆောင်ဘဏ်မှ နိုင်ငံခြားငွေလဲလှယ်ခြင်း ဝန်ဆောင်မှုကို ဗဟိုဘဏ်၏ စည်းမျဉ်းများအတိုင်း ဝန်ဆောင်မှု ပေးနေပါသည်။ နိုင်ငံခြားငွေမှ မြန်မာကျပ်ငွေ (သို့) မြန်မာကျပ်ငွေမှ နိုင်ငံခြားငွေ တို့ကို နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီထိ မြန်မာ့ရှေ့ဆောင်ဘဏ်၏ အောက်ပါဘဏ်ခွဲများတွင် လဲလှယ်နိုင်ပါသည်။
နိုင်ငံခြားသို့ သွားရောက် ပညာသင်ကြားမည့်သူများ၊ ဆေးကုသမှုခံယူမည့်သူများ၊ အလုပ်လုပ်ရန်ထွက်ခွာမည့်သူများ၊ ဘုရားဖူး ထွက်ခွာသူများ၊ ပြည်ပနိုင်ငံအစိုးရ အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများအနေဖြင့် သတ်မှတ်ထားသည့် MAB ငွေလဲကောင်တာတွင် အသေးသုံး နိုင်ငံခြားငွေများ လဲလှယ်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
အနည်းဆုံးဝယ်ယူနိုင်မည့် ငွေပမာဏ – USD 300
အများဆုံးဝယ်ယူနိုင်မည့် ငွေပမာဏ – USD 500
သတ်မှတ်ထားသော MAB ငွေလွှဲကောင်တာ (Foreign Exchange Counter)
မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များမှ ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံခြားငွေ ရောင်းဝယ်နိုင်ရေး အစီအစဉ် (Foreign Currency Online Trading Platform) တွင် MAB မှလည်း နေ့စဉ်ပါဝင်လျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ မတ်လ၊ ၀၆ ရက်နေ့တွင် ဗဟိုဘဏ်မှ ကုန်သွယ်မှုနှင့်ဆိုင်သော လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ပျမ်းမျှ (၃,၆၀၆) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။
အသေးစိတ်ကြည့်ရှုရန် – [https://www.cbm.gov.mm/]
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက MAB (Foreign Exchange Counter) အမှတ် (၂၀)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ရွှေတောင်ကြားအမှတ် (၁) ရပ်ကွက်၊ ဗဟန်း၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း +95 (1) 8605041 သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။
နိုင်ငံခြားအပ်ငွေစာရင်းကိုနိုင်ငံတကာကုန်သွယ်မှှုများအတွက် letter of credit( LC )ဖွင့်ခြင်းများ၊ လိုအပ်သောစာရွက်စာတမ်းများဖြင့် ပြည်တွင်း ပြည်ပငွေလွှဲပေးပို့ခြင်းများနှင့် အခြားတရားဝင် စီးပွားရေးလုပ်ငန်းများ ပြုလုပ်နိုင်ရန် အသုံးပြုု ကြသည်။
နိူင်ငံတကာကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နေသောလုပ်ငန်းရှင်များအတွက် MAB ၏ ကုန်သွယ်မှုဆိုင်ရာဘဏ္ဍာရေးလုပ်ငန်း ကျွမ်းကျင်ပညာရှင်များကကူညီရန် အသင့်ရှိပါသည်။ အမျိုးမျိုးသောကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုများနှင့် အခြားငွေပေးချေမှုများကိုဝန်ဆောင်မှုပေးနေသော မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် ချိတ်ဆက်လုပ်ကိုင်ပါကလူကြီးမင်းတို့၏ လုပ်ငန်းများတွင် ပေါ်ပေါက်လာမည့်အခွင့်အရေးများကိုအပြည့်အဝအသုံးချကာမိမိတို့၏ ပြိုင်ဘက်များထက် ခြေတစ်လှမ်းသာနေနိူင်မည်မှာမလွဲမသွေပင် ဖြစ်ပါသည်။
နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နေသောလုပ်ငန်းရှင်များအတွက် အမျိုးမျိုးသောကုန်သွယ်မှုဆို််င်ရာ ဝန်ဆောင်မှုများနှင့် အခြားငွေပေးချေမှုများကိုဆောင်ရွက်ပေးနိုင်သော ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။
လူတစ်ဦးမှ တစ်ဦး (သို့) အဖွဲ့အစည်းတစ်ခုမှ တစ်ခုသို့ ငွေလွှဲပေးပို့ရာတွင် MAB ဘဏ်မှ Swift Network ကိုအသုံးပြု၍ လုံခြုံလျင်မြန်သော၊ ယုံကြည်ရသောနည်းလမ်းဖြင့် ကမ္ဘာပေါ်ရှိနေရာတိုင်းသို့ ပေးပို့လွှဲပြောင်းပေးနေပါသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံကုန်သွယ်မှုတွင် အရေးပါသောငွေပေးချေမှုများနှင့် နိုင်ငံခြားတွင် သွားရောက်စာသင်နေသော ကျောင်းသားများအများဆုံးအသုံးပြုကြသည်။ နိုင်ငံခြားငွေလွှဲခြင်းအတွက် Customers များအနေဖြင့် နိုင်ငံခြားငွေစာရင်း (Foreign Currency Account) ရှိရန် လိုအပ်ပါသည်။
Western Union ဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ်မှ ကမ္ဘာအနှံသို့လျှင်မြန်စွာငွေလွှဲပေးပို့နိုင်ခြင်းများဆောင်ရွက်ပေးခြင်း၊ MAB ဘဏ်အနေဖြင့် ပေးပို့သောငွေများကိုလက်ခံဆောင်ရွက်ပေးခြင်း၊ မြန်မာပြည်အနှံ့ မြန်မာ့ရေု့ဆောင်ဘဏ်ခွဲများရှိသောနေရာတိုင်းမှ ငွေလွှဲများလက်ခံရယူခြင်းများဆောင်ရွက်ပေးနေပါသည်။
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်သူတွေအနေနဲ့ ပြည်ပကနေ ငွေလွှဲပြီး ငွေကြေးစုဆောင်းနိုင်မဲ့ ပြည်ပငွေလွှဲအပ်ငွေစာရင်း (Better Remit Savings) ကို နီးစပ်ရာ MAB ဘဏ်ခွဲတွေနဲ့ အေဂျင်စီဘဏ်လုပ်ငန်းတွေမှာ စာရင်းဖွင့်လှစ်နိုင်ပါပြီ။
အသေးစိတ် ပိုမိုသိရှိလိုပါက MAB Call Center 01-8610612 ကို အချိန်နဲ့တစ်ပြေးညီ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
Better Remit Savings ဆိုတာ ပြည်ပကနေ ပြည်တွင်းကို ငွေလွှဲပြုလုပ်သူ (သို့) လက်ခံရရှိသူများအတွက် သီးသန့် ပြုလုပ်ပေးထားတဲ့ ပြည်ပငွေလွှဲအပ်ငွေစာရင်းအမျိုးအစား ဖြစ်ပါတယ်။
ပြည်ပကနေ ပြည်တွင်းကို ကုန်သွယ်မှုမဟုတ်တဲ့ ငွေလွှဲပြုလုပ်သူ (သို့) လက်ခံရရှိသူ မည်သူမဆိုဖွင့်လှစ်နိုင်ပါတယ်။
နီးစပ်ရာ MAB ဘဏ်ခွဲအားလုံးနဲ့ ကိုယ်စားလှယ်ဘဏ်လုပ်ငန်းတွေမှာ ဖွင့်လှစ်နိုင်ပါတယ်။
Customer တစ်ဦးလျှင် Better Remit Savings (၁) ခုသာ ဖွင့်လှစ်နိုင်ပါတယ်။
Better Remit Savings (Individual) ဖွင့်လှစ်ပြီးသူတိုင်း MPU-UPI Debit Card လျှောက်ထားနိုင်ပါတယ်။ Better Remit Savings (Joint) ဖွင့်လှစ်ထားသူတွေကတော့ MPU-UPI Debit Card လျှောက်ထား၍ မရနိုင်ပါ။
ငွေသားထုတ်ယူမဲ့ Better Remit Savings စာရင်းပိုင်ရှင်ရဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်ပဲ လိုအပ်ပါတယ်။
မှတ်ပုံတင်မူရင်း ၊ လွန်ခဲ့သာ (၃) လအတွင်း ပြည်ပငွေလွှဲလက်ခံရရှိထားသော မှတ်တမ်း (မည်သည့်ဘဏ်၏ မှတ်တမ်းမဆို)
စီးပွားရေးလုပ်ငန်းများဆောင်ရွက်ကြရာတွင် လုပ်ငန်းရှင်များ (သို့) အဖွဲ့အစည်းများအချင်းချင်းငွေရေးကြေးရေးကိစ္စရပ်များတွင် လုံခြုံ စိတ်ချ၍ ယုံကြည်မှုရှိစေရန် ဘဏ်၏ အာမခံချက်များကိုရယူလေ့ရှိပါသည်။
မြန်မာ့ရှေ့ဆောင်ဘဏ်မှလည်းဗဟိုဘဏ်၏စည်းမျဉ်းများအတိုင်းဘဏ်အာမခံလုပ်ငန်းအတွက် ငွေပမာဏနှင့် အချိန်ပေါ်မူတည်ပြီးကော်မရှင်ခကိုအာမခံအကျိုးသက်ရောက်မှု ရှိစေရန် ကောက်ခံပါသည်။
1. Bank Guarantee Form
2. Trust Receipt Form
3. LC Application Form
4. Documentary Collection Remittance Form
5. TT Remittance Application Form