ချေးငွေချေးငှားရန် လက်ခံနိုင်ပြီး လုပ်ငန်းသစ်ချဲ့ထွင်ခြင်းဖြစ်စေ၊ ရင်းနှီးမြုပ်နှံမှုပြုလုပ်ရာတွင်ဖြစ်စေ အမှန်တစ်ကယ် ငွေကြေးလိုအပ်ချက်များရှိသည့် Customer များအတွက်ရည်ရွယ်၍ ဘဏ်မှ “ ငွေချေးငှားခြင်း မူဝါဒ” နှင့် “ Customer လက်ခံမှု မူဝါဒ” များကို ချမှတ်ခဲ့သည်။
လက်ခံနိုင်ခြင်းရှိသည့် လုပ်ငန်းအမျိုးအစားများ
ချေးငွေယူမည့် customer များသည် ဘဏ်တွင် စာရင်းရှင်စာရင်း (Current Account) နှင့် ဘဏ်မှသတ်မှတ်ထားသော “ ချေးငွေပမာဏ” အတွင်း ချေးငွေပမာဏများစွာကို စာရင်းရှင်စာရင်းထဲသို့ လွှဲပြောင်းပေးနိုင်မည့် Demand Loan Account လည်းရှိရမည်ဖြစ်သည်။
ဤချေးငွေစနစ်ဖြင့် ငွေထုတ်ချေးပါကငွေချေးသူ၏ စာရင်းရှင်စာရင်းမှ ငွေလိုသည့်အခါတိုင်းစာရင်းရှိငွေထက် ပိုမို၍ ထုတ်ချေးနိုင်ပါသည်။ ငွေထုတ်ချေးလိုသူသည် ဘဏ်နှင့် အထူးသဘောတူညီချက်ရယူကာ စာရင်းရှင်စာရင်းဖွင့်ထားရန်လိုအပ်သည်။
ဘဏ်သည် တစ်ဦးချင်း၊ ပူးတွဲထုတ်ယူမှု၊ ကုမ္ပဏီ လုပ်ငန်း နှင့် ပူးတွဲလုပ်ငန်းများအတွက် ချေးငွေထုတ်ချေးနိုင်ပြီး ဖော်ပြထားသည့် ငွေထုတ်ချေးနိုင်မည့်သူများ၏ လုပ်ငန်းများသည်လည်း ကောင်းမွန်စွာလည်ပတ်နေရမည်ဖြစ်ပါသည်။ ၎င်းတို့အသီးသီးသည် အောက်ဖော်ပြပါ လိုအပ်သော စာရွက်စာတမ်းများနှင့် အတူချေးငွေလေ ျှာက်ထားနိုင်ပါသည်။
မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် ဘဏ်ခွဲများတွင် ငွေစုဘဏ်စာရင်း၊ စာရင်းသေစာရင်းဖွင့်၍ ငွေအပ်နှံထားသူများမှ ငွေကြေးအရေးတကြီးအသုံးလို၍ မိမိ၏ ငွေစုဘဏ်စာရင်းလက်ကျန်အားအပေါင်ပေးအပ်ပြီးချေးငွေလျှောက်ထားနိုင်သည်။
လုပ်ငန်းလုပ်ကိုင်ရာတွင် လည်းကောင်း၊ အခြားသောကိစ္စရပ်များအတွက်သော်လည်းကောင်းငွေရေးကြေးရေးအသုံးလိုသောအခါ ရွှေကိုအပေါင်ပြု ငွေချေးခြင်းတစ်မျိုးဖြစ်သည်။
အငှားဝယ်ယူစနစ်ဆိုသည်မှာ အရစ်ကျဝယ်ယူနိုင်သော စနစ်တစ်ခုဖြစ်ပြီးလူသုံးကုန်ပစ္စည်းများ ဝယ်ယူလိုသောအခါ ပစ္စည်းတန်ဖိုးလက်ငင်းပေးချေရန် ငွေကြေးအခက်အခဲရှိသည့် အခါ မျိုးတွင် အငှားဝယ်ယူစနစ်ကို အသုံးပြုကြသည်။ အငှားဝယ်ယူစနစ်တွင် ပစ္စည်း၏ တန်ဖိုးအချို ့ကိုလက်ငင်းပေးသွင်းရပြီးကျန်ငွေများကိုလစဉ် အရစ်ကျပေးသွင်းရသည်။
ကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် MAB ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းသုံး ချေးငွေ
ချေးငွေ ရည်ရွယ်ချက်
လုပ်ငန်းလည်ပတ်ရင်းနှီးငွေ (Working Capital)
လုပ်ငန်းသုံး ပစ္စည်းများ ရင်းနှီးငွေ (Fixed Investment)