ကတ် ကိုင်ဆောင်ထားသူများအနေဖြင့် တွင် ရယူနိုင်မည့် အထူးအခွင့်အရေး။
MAB Mastercard ကတ် ကိုင်ဆောင်ထားသူများအနေဖြင့် SQ Airline တွင် သတ်မှတ်ထားသည့် Agent (၁၁) ဆိုင်မှတစ်ဆင့် ပြည်ပအလည်အပတ် ခရီးစဥ်များအတွက် Economy Class Round-Trip လေယာဉ်လက်မှတ် နှစ်စောင် သို့မဟုတ် Business Class Round-Trip လေယာဉ်လက်မှတ် တစ်စောင် ဝယ်ယူပါက Park Royal Hotel ၏ Deluxe Room အခန်းတွင် တစ်ညတည်းခိုခွင့် (Staycation Package) ခံစားခွင့်ရှိမည်ဖြစ်ပါသည်။
စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များ – ယခုပရိုမိုးရှင်းသည် Singapore Airline မှ ပထမဆုံးဝယ်ယူသူ အယောက် (၁၀၀) အတွက်သာ အကျုံးဝင် မည်ဖြစ်ပါသည်။ – ဤပရိုမိုးရှင်းတွင် ပါဝင်နိုင်ရန် Singapore Airline မှ လေယာဉ်လက်မှတ်များကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ ၁၂ ရက်မှ ၃၀ ရက်နေ့အတွင်း ဝယ်ယူရမည်ဖြစ်ပါသည်။ – Customer များအနေဖြင့် Singapore Airline Official Website နှင့် Singapore Airline ၏ မိတ်ဖက်ပါတနာ Agent များတွင် MAB Mastercard ဖြင့် ဝယ်ယူငွေပေးချေရမည်ဖြစ်ပါသည်။ – Singapore Airline မှ Economy Class Round-Trip လေယာဉ်လက်မှတ် နှစ်စောင် သို့မဟုတ် Business Class Round-Trip လေယာဉ်လက်မှတ် တစ်စောင် ဝယ်ယူသူတိုင်းသည် Park Royal Hotel ရဲ့ Deluxe Room အခန်းတွင် တစ်ညတည်းခိုခွင့် (Staycation Package) ခံစားခွင့်ရှိမည် ဖြစ်ပါသည်။ – Singapore Airline မှ ဝယ်ယူထားသော လေယာဉ်လက်မှတ်များသည် ဝယ်ယူပြီး (၆) လအတွင်း စီးနင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။ – ပရိုမိုးရှင်းကာလအတွင်း ဝယ်ယူထားသော လေယာဉ်လက်မှတ်များကို ပယ်ဖျက်ခြင်း၊ ငွေပြန်လည် လဲလှယ်ခြင်း (Cancellation/ Refundable) ပြုလုပ်ခွင့် မရှိပါ။ ထိုသို့ပြုလုပ်ခဲ့ပါက ဝယ်ယူထားသော လေယာဉ်လက်မှတ်များအတွက် Staycation Package ခံစားခွင့် မရနိုင်မည့်အပြင် ၎င်း Staycation Package ကုန်ကျစရိတ်ကို မိမိကိုယ်တိုင်ကျခံရမည် ဖြစ်ပါသည်။ – Staycation Package E-Tickets များကို Singapore Airline နှင့် ပရိုမိုးရှင်းကာလအပြီး (၁၀) ရက်အတွင်း customer များ၏ E-mail သို့ ပေးပို့ပေးမည်ဖြစ်ပါသည်။ – အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက MAB (မြန်မာ့ရှေ့ဆောင်ဘဏ်) နှင့် Singapore Airline တို့၏ ပူးတွဲဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။
လက်မှတ်ဝယ်ယူရရှိနိုင်မည့် Agent များ ၁ – Columbus ၂ – Fly Mya ၃ – Htoo ၄ – New Motion ၅ – Nice Fare ၆ – Oway ၇ – Sun Far ၈ – Saw Pornphan ၉ – Tori ၁၀ – Than Than ၁၁ – Unique Asia