Call Center(+95) 1 8610612

News

MAB ရဲ့ အပ်ငွေစာရင်းအမျိုးအစားများနဲ့ အတိုးနှုန်းအသစ်များ

MAB ရဲ့ အပ်ငွေစာရင်းအမျိုးအစားများနဲ့ အတိုးနှုန်းအသစ်များ

MAB ရဲ့ အပ်ငွေစာရင်းအမျိုးအစားများနဲ့ အသစ်ပြင်ဆင်သတ်မှတ်ထားတဲ့ အမြင့်ဆုံးအတိုးနှုန်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
MAB Savings Account (MAB ငွေစုဘဏ်အပ်ငွေစာရင်း)
လစဉ် (၁) ရက်နေ့ကနေ (၇) ရက်နေ့အတွင်း ငွေသားအပ်နှံနိုင်ပြီး လကုန်ရက်အထိ အပ်ငွေစာရင်းထဲမှာ ရှိနေတဲ့ ပမာဏအတိုင်း အတိုးနှုန်း တစ်နှစ်လျှင် 8.00% အထိ ရရှိနိုင်ပါတယ်။
အသေးစိတ်ဖတ်ရှုရန် – ( https://bit.ly/3MthimK )
MAB Call Deposits (MAB ခေါ်ယူအပ်ငွေစာရင်း)
အချိန်မရွေး ငွေအပ်နှံထုတ်ယူနိုင်တဲ့ အပ်ငွေစာရင်းအမျိုးအစား ဖြစ်ပြီး အတိုးနှုန်း တစ်နှစ်လျှင် 7.00% အထိ ရရှိနိုင်ပါတယ်။
အသေးစိတ်ဖတ်ရှုရန် – ( https://bit.ly/3X68wjE )
MAB Fixed Deposit (MAB စာရင်းသေအပ်ငွေစာရင်း)
MAB Fixed Deposit (MAB စာရင်းသေအပ်ငွေ) ဆိုတာ သတ်မှတ်ထားတဲ့ ကာလအပိုင်းအခြားတစ်ခုအထိ ငွေသားအပ်နှံထားရပြီး (၃၆၅) ရက်အတွက် အတိုးနှုန်း တစ်နှစ်လျှင် 12.00% အထိ ရရှိနိုင်ပါတယ်။
အသေးစိတ်ဖတ်ရှုရန် – ( https://bit.ly/4cSXXWN )
MAB Better Savings (MAB ငွေစုဘဏ်အပ်ငွေစာရင်းသစ်)
MAB Savings ကို ပိုမိုကောင်းမွန်တဲ့ အတိုးနှုန်းတွေ၊ အားသာချက်တွေနဲ့ ပြုပြင် မွမ်းမံထားတဲ့ အပ်ငွေစာရင်းအမျိုးအစားဖြစ်ပြီး လစဉ် (၁) ရက်နေ့ကနေ (၇) ရက်နေ့အတွင်း ငွေသားအပ်နှံနိုင်ပြီး လကုန်ရက်အထိ အပ်ငွေစာရင်းထဲမှာ ရှိနေတဲ့ ပမာဏအတိုင်း အတိုးနှုန်း တစ်နှစ်လျှင် 9.00% အထိ ရရှိနိုင်ပါတယ်။
အသေးစိတ်ဖတ်ရှုရန် – ( https://bit.ly/3Z4bvM0 )
MAB Better Call Deposits (MAB ခေါ်ယူအပ်ငွေစာရင်းသစ်)
MAB Call Deposits ကို ပိုမိုကောင်းမွန်တဲ့ မွမ်းမံမှုတွေ ပြုလုပ်ထားတဲ့ MAB ခေါ်ယူအပ်ငွေစာရင်းသစ်မှာတော့ အတိုးနှုန်း (တစ်နှစ်လျှင်) 8.50% အထိ ရရှိနိုင်ပါတယ်။
အသေးစိတ်ဖတ်ရှုရန် – ( https://bit.ly/4dW1O6M )
MAB Better Fixed Deposit (MAB စာရင်းသေအပ်ငွေစာရင်းသစ်)
MAB Better Fixed (MAB စာရင်းသေအပ်ငွေသစ်) မှာတော့ အတိုးကြိုတင်ထုတ်ယူနိုင်ပြီး (၃၆၅) ရက်စာအတွက် အမြင့်မားဆုံးအတိုးနှုန်း (တစ်နှစ်လျှင်) 12.00% အထိ ရယူနိုင်ပါတယ်။
အသေးစိတ်ဖတ်ရှုရန် – ( https://bit.ly/3h3O7dv )
MAB Pro Fixed
MAB Pro Fixed (MAB Pro Fixed စာရင်းသေအပ်ငွေစာရင်းသစ်) မှာ ရက်ပေါင်း (၃၀) အထိ စာရင်းသေအပ်နှံနိုင်ပြီး အတိုးနှုန်း (တစ်နှစ်လျှင်) 11.50% အထိ ရယူနိုင်ပါတယ်။
အသေးစိတ်ဖတ်ရှုရန် – ( https://bit.ly/3yPj8eN )
မကြာခင်မှာ ပြင်ဆင်ပြောင်းလဲလိုက်တဲ့ အတိုးနှုန်းများအကြောင်း အသေးစိတ် ထပ်မံဖော်ပြပေးသွားမှာဖြစ်လို့ MAB – Myanma Apex Bank Facebook စာမျက်နှာမှာ ဆက်လက် စောင့်ကြည့်နိုင်တယ်။
သိလိုတာ မှန်သမျှအတွက် နီးစပ်ရာ MAB ဘဏ်ခွဲတွေမှာ လာရောက်စုံစမ်းနိုင်သလို MAB Call Center 01-8610612 ကိုလဲ အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
August 31, 2024
Share Now :