နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်သူတွေအနေနဲ့ ပြည်ပကနေ ငွေလွှဲပြီး ငွေကြေးစုဆောင်းနိုင်မဲ့ ပြည်ပငွေလွှဲအပ်ငွေစာရင်း (Better Remit Savings) ကို နီးစပ်ရာ MAB ဘဏ်ခွဲတွေနဲ့ အေဂျင်စီဘဏ်လုပ်ငန်းတွေမှာ စာရင်းဖွင့်လှစ်နိုင်ပါပြီ။
အသေးစိတ် ပိုမိုသိရှိလိုပါက MAB Call Center 01-8610612 ကို အချိန်နဲ့တစ်ပြေးညီ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
Better Remit Savings ဆိုတာ ပြည်ပကနေ ပြည်တွင်းကို ငွေလွှဲပြုလုပ်သူ (သို့) လက်ခံရရှိသူများအတွက် သီးသန့် ပြုလုပ်ပေးထားတဲ့ ပြည်ပငွေလွှဲအပ်ငွေစာရင်းအမျိုးအစား ဖြစ်ပါတယ်။
ပြည်ပကနေ ပြည်တွင်းကို ကုန်သွယ်မှုမဟုတ်တဲ့ ငွေလွှဲပြုလုပ်သူ (သို့) လက်ခံရရှိသူ မည်သူမဆိုဖွင့်လှစ်နိုင်ပါတယ်။
နီးစပ်ရာ MAB ဘဏ်ခွဲအားလုံးနဲ့ ကိုယ်စားလှယ်ဘဏ်လုပ်ငန်းတွေမှာ ဖွင့်လှစ်နိုင်ပါတယ်။
Customer တစ်ဦးလျှင် Better Remit Savings (၁) ခုသာ ဖွင့်လှစ်နိုင်ပါတယ်။
Better Remit Savings (Individual) ဖွင့်လှစ်ပြီးသူတိုင်း MPU-UPI Debit Card လျှောက်ထားနိုင်ပါတယ်။ Better Remit Savings (Joint) ဖွင့်လှစ်ထားသူတွေကတော့ MPU-UPI Debit Card လျှောက်ထား၍ မရနိုင်ပါ။
ငွေသားထုတ်ယူမဲ့ Better Remit Savings စာရင်းပိုင်ရှင်ရဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်ပဲ လိုအပ်ပါတယ်။
မှတ်ပုံတင်မူရင်း ၊ လွန်ခဲ့သာ (၃) လအတွင်း ပြည်ပငွေလွှဲလက်ခံရရှိထားသော မှတ်တမ်း (မည်သည့်ဘဏ်၏ မှတ်တမ်းမဆို)
MAB နှင့် TrueMoney တို့၏ အကျိုးတူပူးပေါင်းလုပ်ကိုင်သည့် ဝန်ဆောင်မှုတစ်ခုအဖြစ် MAB ကတ်ကိုင်ဆောင်သူများအတွက် ဘဏ်ဝန်ဆောင်မှု မရရှိနိုင်သောနေရာများနှင့် ATM မရှိသည့် နေရာဒေသများတွင်ပါ အလွယ်တကူ ဝန်ဆောင်မှု ရရှိနိုင်စေရန် ရည်ရွယ်၍ ယခုဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပါသည်။ အဆိုပါ ဝန်ဆောင်မှုမှတစ်ဆင့် MAB ကတ်ကိုင်ဆောင်သူများအနေဖြင့် TrueMoney ၏ မြန်မာနိုင်ငံအနှံ့ ကိုယ်စားလှယ်ဆိုင်ခွဲပေါင်း (၃၀,၀၀၀) ကျော်တွင် ငွေထုတ်ယူခြင်းကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်ပြီဖြစ်ပါသည်။
အဆိုပါဝန်ဆောင်မှုသည် MAB ကတ်ကိုင်ဆောင်သူများအတွက် ပိုမိုကောင်းမွန်သော အခွင့်အရေးရှိသည့်ဝန်ဆောင်မှုဖြစ်ပြီး အောက်ပါနည်းလမ်းအတိုင်း ငွေသားထုတ်ယူမှုအား လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
၁။ TrueMoney ကိုယ်စားလှယ်အား နိုင်ငံသားစိစစ်ရေးကတ်နှင့် MAB ကတ်နံပါတ်ကို ပေးပါ။ (MAB ကတ်မှ နာမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်မှ နာမည်သည် တူညီမှသာ ဝန်ဆောင်မှု ရယူနိုင်မည်ဖြစ်ပါသည်။)
၂။ မိတ်ဆွေ၏ MAB ကတ်ကို မှတ်ပုံတင်ထားသည့် ဖုန်းနံပါတ်အတွင်းသို့ ရောက်ရှိလာသည့် OTP (တစ်ခါသုံး လျှို့ဝှက်ကုတ်) ကို ကိုယ်စားလှယ်အား ပေးပါ။
၃။ ထုတ်ယူလိုသော ငွေပမာဏကို အေးဂျင့်အား ပြောပါ။ (တစ်ကြိမ်ထုတ်လျှင် ငွေသား (၃၀၀,၀၀၀) ကျပ်အထိ ထုတ်ယူနိုင်ပါသည်။)
၄။ ဝန်ဆောင်ခအား ပေးဆောင်ပြီးလျှင် ငွေထုတ်ယူခြင်းကို လုပ်ဆောင်နိုင်ပြီ ဖြစ်ပါသည်။
ဝန်ဆောင်ခများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁၀,၀၀၀) ကျပ် မှ (၂၅,၀၀၀) ကျပ်အထိ – ဝန်ဆောင်ခ (၅၀၀) ကျပ်
(၂၅,၀၀၁) ကျပ် မှ (၅၀,၀၀၀) ကျပ်အထိ – ဝန်ဆောင်ခ (၅၀၀) ကျပ်
(၅၀,၀၀၁) ကျပ် မှ (၁၀၀,၀၀၀) ကျပ်အထိ – ဝန်ဆောင်ခ (၈၀၀) ကျပ်
(၁၀၀,၀၀၁) ကျပ် မှ (၁၅၀,၀၀၀) ကျပ်အထိ – ဝန်ဆောင်ခ (၁,၀၀၀) ကျပ်
(၁၅၀,၀၀၁) ကျပ် မှ (၂၀၀,၀၀၀) ကျပ်အထိ – ဝန်ဆောင်ခ (၁,၀၀၀) ကျပ်
(၂၀၀,၀၀၁) ကျပ် မှ (၃၀၀,၀၀၀) ကျပ်အထိ – ဝန်ဆောင်ခ (၁,၀၀၀) ကျပ်
MAB ကတ်များ ငွေထုတ်ယူခြင်းဆိုင်ရာ ဝန်ဆောင်မှုရယူသူများအတွက် စည်းကမ်းသတ်မှတ်ချက်များ
ဝန်ဆောင်မှုရယူသူသည် TrueMoney ၏ ကိုယ်စားလှယ်များထံတွင် MAB ကတ်များမှ ငွေသားထုတ်ယူလိုပါက အောက်ပါစည်းမျဉ်းစည်းကမ်းများအား လိုက်နာရန်လိုအပ်ပါသည်။
(၁) ဝန်ဆောင်မှုရယူသူသည် MAB ကတ်များမှသာ ငွေထုတ်ယူခြင်းကို ပြုလုပ်ရမည်။
(၂) ဝန်ဆောင်မှုရယူသူသည် TrueMoney အေးဂျင့်ထံတွင် အထက်ပါဝန်ဆောင်မှုအား ရယူလိုပါက ငွေသားထုတ်ယူလိုသည့် MAB ကတ်နှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ကို တစ်ပါတည်း ယူဆောင်လာရမည်။
(၃) ဝန်ဆောင်မှုရယူသူသည် TrueMoney အေးဂျင့်မှ ဝန်ဆောင်မှုရယူမည့် MAB ကတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ကို တောင်းခံသည့်အခါတွင် ကြည်ဖြူစွာ ပေးဆောင်ရမည်။
(၄) ဝန်ဆောင်မှုရယူသူသည် မိမိငွေသားထုတ်ယူမည့် MAB ကတ် မှတ်ပုံတင်ထားသည့် ဖုန်းနံပါတ်သို့ ရောက်ရှိလာမည့် OTP အား ဝန်ဆောင်မှု လုပ်ဆောင်နိုင်ရန် TrueMoney အေးဂျင့်အား ပေးဆောင်ရမည်။
(OTP ကို (၃) မိနစ်အတွင်း အတည်ပြုထည့်သွင်းရန်လိုအပ်ပါသည်။ (၃) မိနစ်ကျော်သွားပါက OTP ကို နောက်ထပ် အကြိမ် (၁၉) ကြိမ် (စုစုပေါင်း အကြိမ် ၂၀) အထိ တောင်းဆိုနိုင်ပါသည်။ အကြိမ်(၂၀)ကျော်သွားပါက အနည်းဆုံး (၁) နာရီ တိတိ စောင့်ဆိုင်းပြီးမှသာ လုပ်ဆောင်မှုအား အစမှ ပြန်လည် လုပ်ဆောင်နိုင်ပါမည်။)
(၅) ဝန်ဆောင်မှုရယူသူသည် TrueMoney အေးဂျင့်ထံမှ ငွေသားလက်ခံသည့်အခါတွင် သေချာစိစစ်ရန်လိုအပ်ပြီး ကျသင့်သည့် ဝန်ဆောင်ခအား ပေးဆောင်ရန်လိုအပ်သည်။ TrueMoney အေးဂျင့်မှ အပိုဆောင်းအခကြေးငွေ တောင်းခံခဲ့ပါက TrueMoney Call Center – 09969519999 သို့ ဆက်သွယ်နိုင်ပါသည်။
(၆) ဝန်ဆောင်မှုရယူသူသည် MAB ကတ်များနှင့်ပတ်သက်ပြီး အခက်အခဲ တစ်စုံတစ်ရာရှိပါက MAB Call Center (01-8610612) သို့ ဆက်သွယ်နိုင်ပါသည်။
Western Union ဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ်မှ ကမ္ဘာအနှံ့သို့လျင်မြန်စွာငွေလွှဲပေးပို့နိုင်ခြင်းများဆောင်ရွက်ပေးခြင်း၊ MAB ဘဏ်အနေဖြင့် ပေးပို့သောငွေများကိုလက်ခံဆောင်ရွက်ပေးခြင်း၊ မြန်မာပြည်အနှံ့ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲများရှိသောနေရာတိုင်းမှ ငွေလွှဲများလက်ခံရယူခြင်းများဆောင်ရွက်ပေးနေပါသည်။
ငွေလက်ခံမည့်သူကမည်သည့် ဝန်ဆောင်ခမှပေးရန်မလိုဘဲငွေထုတ်ယူနိုင်ခြင်း၊