MAB Better Call (ခေါ်ယူအပ်ငွေစာရင်းသစ်) မှာ ငွေသားအပ်နှံသူလိုသူတွေအတွက် 10.00% p.a. အထိ ရယူနိုင်မဲ့ “ပိုစု ပိုယူ” အထူးပရိုမိုးရှင်းအစီအစဉ်
ငွေစုလိုသူတွေအနေနဲ့ အချိန်ကာလ အကန့်အသတ်မရှိ ငွေအပ်နှံထုတ်ယူနိုင်မဲ့အပြင် နေ့စဉ်အတိုးနှုန်းတွက်ချက်ပေးတဲ့ အပ်ငွေအမျိုးအစားကို ရှာဖွေနေတယ်ဆိုရင်တော့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ ၅ ရက်နေ့မှ အောက်တိုဘာလ၊ ၃၁ ရက်နေ့အထိ အမြင့်မားဆုံး အတိုးနှုန်းတွေ ရယူနိုင်မဲ့ “ပိုစု ပိုယူ” MAB Better Call Promotion အစီအစဉ်မှာ ငွေစုဆောင်းသင့်ပါတယ်။
“ပိုစု ပိုယူ” MAB Better Call Promotion အစီအစဉ်မှာ အပ်ငွေပမာဏ (၁၀၀,၀၀၀) ကျပ်မှ (၄၉,၉၀၀,၀၀၀) ကျပ်အထိ အတိုးနှုန်း 7.50% p.a. အပ်ငွေပမာဏ (၅၀,၀၀၀,၀၀၀) ကျပ်မှ (၉၉,၉၀၀,၀၀၀) ကျပ်အထိ အတိုးနှုန်း 8.00% p.a. အပ်ငွေပမာဏ (၁၀၀,၀၀၀,၀၀၀) ကျပ် မှ (၄၉၉,၉၀၀,၀၀၀) ကျပ်အထိ အတိုးနှုန်း 9.00% p.a. အပ်ငွေပမာဏ (၅၀၀,၀၀၀,၀၀၀) ကျပ်မှ (၉၉၉,၉၀၀,၀၀၀) ကျပ်အထိ အတိုးနှုန်း 9.50% p.a. အပ်ငွေပမာဏ (၁,၀၀၀,၀၀၀,၀၀၀) ကျပ် နှင့်အထက် အတိုးနှုန်း 10.00% p.a. အထိ ရရှိနိုင်ပါတယ်။
အသေးစိတ်ထပ်မံ သိရှိလိုပါက MAB Call Center (01 8610612) ကို ဆက်သွယ်နိုင်သလို နီးစပ်ရာ MAB ဘဏ်ခွဲတိုင်းမှာလဲ လာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်။