Call Center(+95) 1 8610612

News

ပမာဏအကန့်အသတ်မရှိ ငွေအပ်နှံထုတ်ယူနိုင်တဲ့ MAB Better Savings (ငွေစုဘဏ်အပ်ငွေစာရင်းသစ်)

ပမာဏအကန့်အသတ်မရှိ ငွေအပ်နှံထုတ်ယူနိုင်တဲ့ MAB Better Savings (ငွေစုဘဏ်အပ်ငွေစာရင်းသစ်)

အကောင်းမွန်ဆုံးအတိုးနှုန်း ၉.၀၀% p.a. အထိ ရရှိနိုင်မဲ့ MAB Better Savings (ငွေစုဘဏ်အပ်ငွေစာရင်းသစ်) ကို နီးစပ်ရာ MAB ဘဏ်ခွဲများတွင် စာရင်းဖွင့်နိုင်ပါပြီ။

ယခု MAB Better Savings (ငွေစုဘဏ်အပ်ငွေစာရင်းသစ်) ဟာ ယခင်က တစ်နှစ်လျှင်အတိုးနှုန်း ၈.၅၀% ရရှိခဲ့တဲ့ MAB Better Savings (ငွေစုဘဏ်အပ်ငွေစာရင်း) ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ ၁ ရက်နေ့မှစ၍ ပိုမိုကောင်းမွန်အောင် ပြင်ဆင်မွမ်းမံထားတာဖြစ်တဲ့အတွက် တစ်နှစ်လျှင်အတိုးနှုန်း ၉.၀၀% အထိ ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။

MAB Better Savings (ငွေစုဘဏ်အပ်ငွေစာရင်းသစ်) ၏ အားသာချက်များမှာ
+ လစဉ်အတိုးတွက်ချက်/ထည့်သွင်းပေးခြင်း၊
+ လစဉ်လဆန်း ၁ ရက်နေ့မှ ၇ ရက်နေ့ အတွင်းငွေသားအပ်နှံနိုင်ခြင်း၊
+ အတိုးနှုန်းတစ်နှစ်လျှင် ၉.၀၀% ရရှိနိုင်ခြင်း၊
+ ပမာဏအကန့်အသတ်မရှိ အဆင်ပြေလွယ်ကူစွာဖြင့် ငွေအပ်နှံနိုင်ခြင်း/ငွေထုတ်ယူနိုင်ခြင်း၊
+ Individual A/C များအတွက် ကတ်လျှောက်ထားရယူနိုင်ခြင်း၊
+ MAB iBanking လျှောက်ထားနိုင်ခြင်း၊
+ အနည်းဆုံးပမာဏ ၁၀,၀၀၀ ကျပ်မှစတင်ပြီး ငွေစုဘဏ်အပ်ငွေစာရင်းသစ် ဖွင့်နိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

သိလိုတာ မှန်သမျှအတွက် MAB Call Center 01-8610612 ကို အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

August 1, 2024
Share Now :